Founded
2018
Total Employee
32
Total Shop
3
Office
1
Male/Female
20/10
Total Warehouse
2
"2015 ခုနှစ်မှ စတင်ရောင်းချခဲ့ပြီး ကမာရွတ်မြို့နယ် နာနတ်တောလမ်းတွေ တည်ရှိတဲ့ D Two Liquor Store ဟာဆိုရင် ပစ္စည်းစစ်မှန်မှုကို အာမခံဖြင့် စတင်ရောင်းချခဲ့သော အရည် အသွေးမှီ Liquor Store တစ်ခုပါ။ Bar, Night Club, Restaurant, Hotel များ အမာခံ Liquor Supplier အဖြစ်ရပ်တည်လျှက်ရှိပြီး ဈေးနှုန်းမှန်ကန်မှုကလည်း ဆိုင်ရဲ့ကောင်းမွန်တဲ့ အခြားဆောင်ပုဒ်တစ်ခုအဖြစ် ရှိနေပါတယ်။
Yangon Liquor Store တွေထဲကမှ လက်ရှိ Online Shopping, နေ့ချင်းပို့ Delivery အစရှိတဲ့ ဝန်ဆောင်မှု အသစ်များဖြင့် ထူးခြားစွာ Service ပေးနေတဲ့ Yangon Liquor Shop တစ်ခုပါ။ ဒါတွေ ကြောင့် Whisky, Wine, Beer, Single Malt အစရှိတဲ့ ပစ္စည်းကောင်းတွေကို ကြိုက်နှစ်သက်တဲ့ လူကြီးမင်းတို့အတွက် ကျွန်တော်တို့ D Two Store ကနေ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်ဖို့အတွက် စောင့်မျှော်နေလျှက်ရှိပါတယ်။"
"2021 ခုနှစ်မှာ Liquor & Convenience Store ကနေ DTwo Mini Mart ဆိုပြီး တစ်ဆိုင်ကျော်မှာ စတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ Mini Mart လုပ်ငန်းဟာဆိုရင် ကမာရွတ်မြို့နယ် နာနတ်တောလမ်းမှာ တည်ရှိပါတယ်။ 2009 ခုနှစ်ပတ်ဝန်းကျင်မှာ မိတ္တူနှင့် ကုန်စုံဆိုင် အသေးလေးကနေ ဖွင့်လှစ်ရင်းနဲ့ 2021 ခုနှစ်မှာ ဝယ်သူတွေ ပိုမိုအဆင်ပြေစေမယ့် လုပ်ငန်းပုံစံအဖြစ် ပြောင်းလဲ ရောင်းချနိုင်ခဲ့ပါတယ်။
နေ့စဉ်နဲ့ အမျှကုန်ပစ္စည်းပြတ်လတ်မှု မရှိအောင်နှင့် ဝယ်သူဖောက်သည်များ၏ လိုအပ်ချက်များကို အမြဲလေ့လာဆန်းစစ်ပြီး အချိန်ပြည့် ကြိုးစားရောင်းချပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ နောက်များမကြာမီတွင်လည်း ပိုမိုကောင်းမွန်ဆန်းသစ် တဲ့ Retail ရောင်းချမှု ပုံစံအသစ်များကို ထည့်သွင်းပုံဖော်ကာ ဖောက်သည်များ၏ ယုံကြည်မှုကို ရယူ၊ ရောင်းချသွားမည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။
"2020 ခုနှစ် June လ ၂ ရက်နေ့မှာ သမာရိုးကျ မိသားစုလုပ်ငန်းမှ စတင်ခဲ့တဲ့ ရုံးဟာဆိုရင် ယခုအချိန်မှာ SME လုပ်ငန်း ကုမ္ပဏီ ဖွဲ့စည်းပုံအတိုင်း Tamwe မြို့နယ် ရွှေဝါလမ်း အမှတ် 36 မှာ ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့ပြီး ဖြန့်ချိရေးနဲ့ ဆိုင်များ၏ လုပ်ငန်း Operation များကို စီမံခန့်ခွဲနေတဲ့ ရုံးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါသည်။
ရုံးချုပ်တွင် Purchasing Department, Finance Department, HR & Admin Department, Sale & Marketing Department, Fulfillment Department အစရှိတဲ့ ဌာနများကို ဖွဲ့စည်းတည်ဆောက်ထားတဲ့အပြင် Main Warehouse, Employee Training & Development များကို ဦးစီးလုပ်ကိုင်လျှက်ရှိပါသည်။
“Work Hard, Play Hard ဆိုသလို လုပ်ငန်းလုပ် ကိုင်နေတဲ့ သူတိုင်း စိတ်ပင်ပန်းမှုများရှိသလို၊ အဆိုပါ စိတ်ပင်ပန်းမှုတွေကို ဖြေလျော့မယ်ဆိုရင် အရက်တို့၊ စီးကရက်တို့ လူမှုရေးအသိုင်းအဝိုင်း မှာ လိုအပ်တဲ့ အရာဖြစ် နေပါတယ်။
သို့ပေမယ့် အရာရာတိုင်းက တန်ဆေး၊လွန်ဘေးရှိတဲ့အတွက် စိတ်ဖိစီးမှုကို ဖြေလျော့ဖို့ အရက်၊ စီးကရက်တို့ကို သောက်သုံးမယ်ဆိုရင် ကျန်းမာရေး ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘောင်ထဲက အသုံးပြုနိုင်ဖို့ အသိပညာ မျှဝေပေးပြီး ရောင်းချပေးချင်တဲ့ ဆန္ဒလေးတစ်ခုပါ။
လူတိုင်းကို စိတ်ဖိစီးမှုကင်းစွာနဲ့ စီးပွားဖြစ်ထွန်းပြီး ကျန်းမာပျော်ရွှင် သောဘဝကို ရရှိပိုင်ဆိုင်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးချင်တာပါ”
“Creating Value, Building Trust”
"Innovative Solutions, Added Value"
"More Than Just Service”
"Value Beyond the Ordinary"