DTwo Business
“Creating Value, Building Trust”
ကုမ္ပဏီမှာ တိုးတက်ရေးအတွက် တီထွင်ဖန်တီးကြံဆတဲ့ အတွေးတွေကို အမြဲတမ်း ကြိုဆိုနေပြီး တီထွင်ကြိုးစားလိုတဲ့ အလေ့အကျင့်များကိုလည်း အသိအမှတ်ပြုပြီး လေးစားတန်ဖိုး (Value) ထား တဲ့ အဓိက အကြောင်းအရာဖြစ်ပါတယ်။
ကျွန်တော်တို့၏ ကုမ္ပဏီယဉ်ကျေးမှုဆိုသည့်အရာမှာ ယုံကြည်မှု (Trust) ကို အဓိက တန်ဖိုးထား တည်ဆောက်ပြီး တစ်ဦးနှင့် တစ်ဦးပြောဆိုဆက်ဆံရာတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ကိုင်ကြပါသည်။
အထက်အောက်၊ ရွယ်တူ ဆက်ဆံရေးကို တည်ဆောက်ရာတွင်လည်း ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား ဆိုတဲ့အတိုင်း မေတ္တာတရား ရှေ့ထားပြီး ကုမ္ပဏီ၏ စံနှုန်းအတိုင်း ဆက်ဆံပြောဆို လုပ်ဆောင်ကြပါတယ်။
ကုမ္ပဏီ၏ အဓိကဝင်ငွေ ဒေါက်တိုင်ဖြစ်တဲ့ Customer များကို ဝန်ဆောင်မှုပေးရာတွင်လည်း စေတနာ ရှေ့ထားပြီး လေးစားတန်ဖိုးထားကာ အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးလျှက် ရှိပါသည်။
ဒါ့အပြင် တစ်ဦးချင်းစီကို ပေးအပ်ထားသော ရာထူး၊ တာဝန် များထမ်း ဆောင်ရာတွင်လည်း ယုံကြည်စိတ်ချရစွာ အကောင်းဆုံး ကြိုးစား ပုံဖော်ဆောင်ရွက်ကြပါတယ်။
စုပေါင်းလုပ်ကိုင် (Teamwork) နှင့်ပတ်သက်ပြီးလည်း အားငယ်သူ အားပေးမယ်၊ လဲကျနေသူ ဆွဲထူမယ်၊ အမြဲတမ်း အတူတူ ကြိုးစား တက်လှမ်းနေသည့်အဖွဲ့အစည်းဖြစ်ပါသည်။ အောင်မြင်မှုကြီးတစ်ခုရဖို့အတွက် တစ်ဦးတစ်ယောက်ရဲ့အင်အားနဲ့မဟုတ်ဘဲ အချင်းချင်းပံပိုးကူညီမှု၊ ယုံကြည်မှု၊ ဆက်သွယ်ပြောဆိုမှု အစရှိတဲ့ တစ်ဦးချင်းစီရဲ့စွမ်းအားတွေကို ပေါင်းစပ်ပြီး လျှောက်လမ်းနေတာဖြစ်ပါသည်။