DTwo ဝန်ထမ်းများအကြား ဖန်တီးနိုင်စွမ်း၊ ပျော်ရွှင်မှု၊ ယှဉ်ပြိုင်မှု နှင့် ရင်းနှီးမှုတိုးစေရန် Dress-Up & Photography Challenge ကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ဆက်သွယ်ရေး မြှင့်တင်ရန်။
ဖန်တီးမှုစွမ်းရည်၊ ဓာတ်ပုံအနုပညာကို အားပေးရန်။
စိတ်ဖိစီးမှုလျှော့ချပြီး ပျော်ရွှင်စရာ အခိုက်အတန့်များ ဖန်တီးရန် ရည်ရွယ်ပြီး ကျင်းပမှာဖြစ်ပါတယ်။
(က) Theme အနေဖြင့်
"မြန်မာ ယဉ်ကျေးမှု" (ဥပမာ - မြန်မာအဝတ်အစားနှင့် မြန်မာ ရှုခင်းများ)
"DTwo နှင့် သက်ဆိုင်သည့် ဖန်တီးမှု" (ဥပမာ - ဆိုင်နောက်ခံထားခြင်း၊ ရုံးတွင်း ရိုက်ကူးခြင်း)
"Elegent Look" (ဥပမာ- ကြော့မော့ရှင်းသန့်ပြီး ကြည့်ကောင်းတဲ့ပုံစံ)
"ကိုယ်ပိုင်အနုပညာရှင်" (ဥပမာ- ပန်းချီကား၊ ဂီတ၊ ရုပ်ရှင်ဇာတ်ကောင်များကို အတုယူဝတ်ဆင်ခြင်း)
"အလင်းနှင့်အမှောင်" (Light & Shadow ကို အသုံးပြုသော ဓာတ်ပုံများ) အစရှိတဲ့ထဲက ဖန်တီးနိုင်ပါသည်။
(ခ) စည်းမျဉ်းများ
Group လိုက်ပုံမဖြစ်ရ။ ဓာတ်ပုံထဲတွင် တစ်ဦးထဲဖြစ်ရမည်။
ဝတ်စုံနှင့် ဓာတ်ပုံကို ဝန်ထမ်းများ စုပေါင်းဖန်တီးနိုင်သည်။
ဓာတ်ပုံကို အနည်းဆုံး ၁ ပုံမှ အများဆုံး ၃ ပုံအထိ ဖန်တီးယှဉ်ပြိုင်နိုင်ပါသည်။
ပုံတစ်ပုံထဲဖြင့် ပြိုင်ပွဲ အမျိုးအစား ၃ မျိုးလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
ဓာတ်ပုံတွင် Creative Editing များပြုလုပ်ဖန်တီးနိုင်သည်။
ဓာတ်ပုံအရွယ်အစား : အရည်အသွေးမြင့် (HD) ဖြင့် တင်ပြရန်။
(က) ပြိုင်ပွဲအမျိုးအစားများ
Best Costume Design : အကောင်းဆုံးဝတ်စုံဒီဇိုင်းဆု။
Best Theme Interpretation : သတ်မှတ်အကြောင်းအရာနှင့် အသက်ဝင်အတူညီဆုံး ဆု။
Most Creative Photo : ထူးခြားသော Editing နှင့် ဖန်တီးမှုပါဝင်သော ဓာတ်ပုံဆု။
(ခ) လုပ်ဆောင်ချက်အဆင့်ဆင့်
ဓာတ်ပုံတင်ရန် နေ့စွဲ : ဝန်ထမ်းများအား ၁ ပတ် ကြိုတင်ကြေညာပါမည်။
ဓာတ်ပုံတင်နည်း : Google Form မှတင်ပေးရမှာဖြစ်ပါတယ်။
ဆုများရွေးချယ်ခြင်း : ပိုင်ရှင်များအပြင်၊ ဝန်ထမ်းများက ကိုယ်တိုင် မဲပေးပြီး မဲအများဆုံး ရရှိသည့်သူများက အနိုင်ရရှိမှာဖြစ်ပါတယ်။
ဆုများ :
ကုမ္ပဏီ၏ Branded Merchandise လက်ဆောင်များ ပေးအပ်သွားပါမည်။ (ဥပမာ- T-shirts, Umbrella, Hoodie, Mugs)
အနိုင်ရရှိသူများကို "DTwo ၏ အနုပညာရှင်" Title နှင့် Certificates ထုတ်ပေးသွားပါမည်။
ပါဝင်ယှဉ်ပြိုင် သူအားလုံးအား အသိအမှတ်ပြုတဲ့ "Participation Certificates" ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
အနိုင်ရရှိတဲ့ ဓာတ်ပုံများကို DTwo Business ၏ Website နှင့် Social Media တွင် အသိမှတ်ပြု တင်ပေးသွားမှာဖြစ်ပါတယ်။
ပျော်စရာအပိုဆုများ :
ဝန်ထမ်းများ၏ ဓာတ်ပုံများကို ပုံစံအမျိုးမျိုးဖြင့် Collage လုပ်ပြီး Virtual Gallery တစ်ခုအဖြစ် ဖန်တီးပြီး Website မှာတင်ပေးထားမှာ ဖြစ်ပါတယ်။
Photoshop, Snapseed, Canva များ အသုံးပြုနိုင်ပါသည်။
(ပြိုင်ပွဲ ကျင်းပပေး သူများမှ လုပ်ဆောင်ရန်)
ကြိုတင်ပြသချက်များ : Refer လုပ်လို့ရမယ့် ဓာတ်ပုံများကို ပြသ၍ ဖန်တီးမယ့် စိတ်ကူးများဖြစ်ပေါ်ပါစေ။
Daily Reminders : ပြိုင်ပွဲနှင့်ပတ်သက်သော ပျော်စရာ Memes နှင့် Updates များကို ယှဉ်ပြိုင်သူများရော၊ မဲပေးမယ့်သူများရော ပေးပို့ပါ။
Online Group : ဝန်ထမ်းအားလုံးကို အချက်အလက်များ ပေးပို့ ဆက်သွယ်နိုင်မည့် Online Group တစ်ခုကို ဖန်တီးပါ။
လေးစားမှုရှိပါ : ယဉ်ကျေးမှု၊ လိင်၊ ဘာသာရေး၊ နိုင်ငံရေး ဆိုင်ရာ ယူဆမှု လွှဲမှားစေမည့် အချက်များ ပါဝင်လာပါက ရှောင်ရှားနိုင်အောင် အကဲခက် စောင့်ကြည့်ပါ။
"သင့်အိမ်ကို Studio အဖြစ်ပြောင်းလဲပါ" : အိမ်တွင်းအလှဆင်ပြီး ဓာတ်ပုံရိုက်ပါ။
"အလင်းရောင်၏အစွမ်း" : မီးအိမ်၊ ဖယောင်းတိုင်များဖြင့် ဖန်တီးသော ဓာတ်ပုံ။
"အဝတ်အစားနှင့် နောက်ခံဇာတ်လမ်း" : ဝတ်စုံနှင့် နောက်ခံသည် ဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြရန်။
ကျေးဇူးတင်စကား : ပါဝင်သူပေးသူ အားလုံးအား ကျေးဇူးတင်စကား Message ပေးပို့ပါ။
Feedback ရယူပါ : ပြိုင်ပွဲအတွေ့အကြုံကို Survey လုပ်၍ နောက်တစ်ကြိမ်အတွက် ပိုမိုကောင်းမွန်အောင် မြှင့်တင်ပါ။
ဤ Challenge သည် ဝန်ထမ်းများ၏ ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးရုံသာမက အဖွဲ့အတွင်း ပျော်ရွှင်မှုကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ ဓာတ်ပုံများကို စုစည်း၍ Gallery တစ်ခုပြုလုပ်ကာ ကုမ္ပဏီ၏ မှတ်တမ်းတစ်ခုအဖြစ် သိမ်းဆည်းထားမှာဖြစ်ပါတယ်။ 📸✨