DTwo နှင့်အတူ ဖေးမကူ
Date: 30/3/2025
ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခြင်း
=======================================
စုစုပေါင်း အလှူငွေ 2,220,000 ကျပ် ကိုလှူဒါန်းပေးခဲ့ပါသည်။
၂၈၊၃၊၂၀၂၅ ရက်နေ့က အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးနစ်နာမှုများကြုံတွေ့နေရသည့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် DTwo မိသားစုနှင့် ဝန်ထမ်းများမှ မတည်ငွေ ၁၀သိန်း စတင်လှူဒါန်းမှာဖြစ်ပြီး အဓိက အကူအညီ လိုအပ်လျှက် ရှိသော နေရာများသို့ ပံ့ပိုးကူညီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
အခုလို ကပ်ဆိုးကြီးမှာ ကြုံတွေ့ခံစားလိုက်ရတဲ့ ငလျင်ဘေးဒဏ်သင့်နေရာများအတွက် အားလုံး အတူလက်တွဲ ကူညီပြီး ယခုလို သဘာဝဘေးကြီးကို အတူတူ ဖြတ်ကျော်သွားရအောင် တိုက်တွန်း နှိုးဆော်အပ်ပါတယ်။
ကပ်ဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းအပ်ပါတယ် ခင်ဗျာ။