လုပ်ခလစာနှင့် အကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒသည် ကုမ္ပဏီ၏ အောင်မြင်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤမူဝါဒသည် အရည်အချင်းရှိသော ဝန်ထမ်းများကို ဆွဲဆောင်ရန်၊ ထိန်းသိမ်းရန်နှင့် စွမ်းဆောင်ရည်မြင့်မားအောင် အားပေးရန် ရည်ရွယ်သည်။ ၎င်းသည် ကုမ္ပဏီနှင့် ဝန်ထမ်းများအကြား မျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်ခလစာစနစ်ကို ဖော်ဆောင်မည်ဖြစ်သည်။
အရည်အချင်းရှိသော ဝန်ထမ်းများကို ဆွဲဆောင်ရန်နှင့် ထိန်းသိမ်းရန်: ဈေးကွက်နှင့်ယှဉ်ပြိုင်နိုင်သော လုပ်ခလစာနှင့် အကျိုးခံစားခွင့်များကို ပေးအပ်ခြင်းဖြင့် ထိပ်တန်းအရည်အချင်းရှိသူများကို ခေါ်ယူနိုင်ရန်။
လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ရန်: ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့် ထူးချွန်သော စွမ်းဆောင်ရည်များကို အသိအမှတ်ပြု၍ ဆုချီးမြှင့်ရန်။
မျှတပြီး ပွင့်လင်းမြင်သာသော စနစ်ဖော်ဆောင်ရန်: ရာထူးအဆင့်အတန်း၊ လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်ရည်ပေါ် မူတည်၍ မျှတသော လုပ်ခလစာပေးခြင်းစနစ်ကို ဖော်ဆောင်ရန်။
ဥပဒေနှင့်အညီ လိုက်နာရန်: နိုင်ငံတော်၏ အလုပ်သမားဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာပြီး လုပ်ခလစာနှင့် အကျိုးခံစားခွင့်များကို ပေးအပ်ရန်။
ဤမူဝါဒသည် ကုမ္ပဏီရှိ ဝန်ထမ်းအားလုံး (အချိန်ပြည့်၊ အချိန်ပိုင်း၊ စာချုပ်ဖြင့် ခန့်ထားသူများ အပါအဝင်) နှင့် သက်ဆိုင်ပါသည်။
က။ အခြေခံလစာ (Basic Salary)
ဝန်ထမ်းတစ်ဦးချင်းစီ၏ ရာထူး၊ လုပ်ငန်းတာဝန်၊ လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်းနှင့် ဈေးကွက်ပေါက်ဈေးတို့အပေါ် မူတည်၍ သတ်မှတ်သည်။
လစာကို လစဉ်ပုံမှန် ပေးချေမည်။
ခ။ စွမ်းဆောင်ရည်အလိုက် လစာတိုးမြှင့်ခြင်း (Performance-Based Salary Increments)
ဝန်ထမ်းများ၏ နှစ်စဉ် စွမ်းဆောင်ရည် ဆန်းစစ်ချက် (Performance Appraisal) ရလဒ်များအပေါ် မူတည်၍ လစာတိုးမြှင့်ခြင်းကို စဉ်းစားမည်။
ရာထူးငယ်များအတွက် စွမ်းဆောင်ရည် ဆန်းစစ်ချက် (Performance Appraisal) များအပေါ်မူတည်၍ ၆လ လျှင် ၁ကြိမ် လစာတိုးမြှင့်ရန်အတွက် စဉ်းစားမည်။
လုပ်ငန်း၏ အမြတ်အစွန်းနှင့် ဘဏ္ဍာရေး အခြေအနေများကလည်း လစာတိုးမြှင့်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်။
ဂ။ ဆုကြေးများ (Bonuses)
နှစ်ကုန်ဆုကြေး (Annual Bonus): ကုမ္ပဏီ၏ နှစ်စဉ်အမြတ်အစွန်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပေါ် မူတည်၍ ပေးအပ်မည်။
အရောင်းဆုကြေး (Sales Bonus): အရောင်းအဖွဲ့ဝင်များအတွက် သတ်မှတ်ထားသော အရောင်းပန်းတိုင် (Sales Target) ပြည့်မီမှုအပေါ် မူတည်၍ ပေးအပ်မည်။
ပရောဂျက်ဆုကြေး (Project Bonus): အထူးပရောဂျက်များတွင် အောင်မြင်စွာ ပါဝင်ဆောင်ရွက်မှုအတွက် ပေးအပ်မည်။
ဃ။ အချိန်ပိုကြေး (Overtime Pay)
သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုမိုလုပ်ကိုင်ရပါက ကုမ္ပဏီ၏ စည်းကမ်းများနှင့် နိုင်ငံတော် အလုပ်သမားဥပဒေများနှင့်အညီ အချိန်ပိုကြေး ပေးချေမည်။
၁။ ခွင့်ရက်များ (Leaves)
ဖျားနာခွင့် (Sick Leave): ကျန်းမာရေးအခြေအနေကြောင့် အလုပ်ပျက်ကွက်ရသော ရက်များ။
မီးဖွားခွင့်/ဖခင်ခွင့် (Maternity/Paternity Leave): မီးဖွားခြင်းနှင့် ကလေးမွေးဖွားပြီးနောက် မိဘများအတွက် ခွင့်ရက်များ။
အရေးပေါ်ခွင့်/ကိုယ်ရေးကိုယ်တာခွင့် (Emergency/Personal Leave): အရေးပေါ် ကိစ္စရပ်များအတွက် သတ်မှတ်ခွင့်ရက်များ။
ရှောင်တခင်ခွင့် (Casual Leave): ရုတ်တရက်ပေါ်ပေါက်လာသော အခြေအနေများအတွက် ခွင့်။
၂။ ခရီးသွားလာရေးနှင့် ထောက်ပံ့ကြေးများ (Travel & Allowances)
ခရီးစရိတ် (Travel Allowance): လုပ်ငန်းခွင်နှင့်သက်ဆိုင်သော ခရီးစဉ်များအတွက် ခရီးစရိတ် ပေးခြင်း။
အစားအသောက် ထောက်ပံ့ကြေး (Meal Allowance): သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အစားအသောက် ထောက်ပံ့ကြေး ပေးခြင်း။
၃။ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ (Education & Development Opportunities)
ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းများ မြှင့်တင်ရန်အတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ သို့မဟုတ် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း။
၄။ အခြားအကျိုးခံစားခွင့်များ (Other Benefits)
ဝန်ထမ်းချေးငွေ အစီအစဉ်များ (Employee Loan Program)
ဖျော်ဖြေရေး အစီအစဉ်များ (Entertainment Program)
အားကစား ပြိုင်ပွဲ အစီအစဉ်များ (Sports Competition Program)
ဝန်ထမ်းများအတွက် အထူးလျှော့စျေးများ (Employee Discounts)
နှစ်ပတ်လည် ဝန်ထမ်းပျော်ပွဲရွှင်ပွဲများ (Annual Staff Party)
၁။ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အကျိုးခံစားခွင့်များ (Health & Medical Benefits)
ကျန်းမာရေး အာမခံ (Health Insurance): ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများအတွက် ကျန်းမာရေး အာမခံ ပေးအပ်နိုင်ခြင်း။
ဆေးကုသစရိတ် (Medical Reimbursement): ဆေးကုသမှု ကုန်ကျစရိတ်များကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်ထုတ်ပေးခြင်း။
၂။ ပင်စင်/အငြိမ်းစား ရန်ပုံငွေ (Retirement Benefits/Provident Fund)
ဝန်ထမ်းများ၏ အနာဂတ်အတွက် စုဆောင်းငွေများ ထူထောင်နိုင်ရန် ပင်စင်ရန်ပုံငွေ သို့မဟုတ် အခြားသော အငြိမ်းစား အကျိုးခံစားခွင့်များ စီစဉ်ပေးခြင်း။
ဤမူဝါဒကို လုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေ၊ ဈေးကွက်ပြောင်းလဲမှုများ၊ နိုင်ငံတော်၏ ဥပဒေပြောင်းလဲမှုများနှင့် ဝန်ထမ်းများ၏ တုံ့ပြန်မှုများအပေါ် မူတည်၍ ပုံမှန် (ဥပမာ- နှစ်စဉ်) ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ပြောင်းလဲ မွမ်းမံမည်။
လူ့စွမ်းအားအရင်းအမြစ်ဌာန (HR Department): ဤမူဝါဒကို ရေးဆွဲရန်၊ အကောင်အထည်ဖော်ရန်၊ စီမံခန့်ခွဲရန်နှင့် ဝန်ထမ်းများအား ရှင်းလင်းစွာ အသိပေးရန် တာဝန်ရှိသည်။
မန်နေဂျာများနှင့် ဌာနမှူးများ: မိမိတို့၏ ဌာနအတွင်း ဤမူဝါဒကို မှန်ကန်စွာ အသုံးချရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မျှတစွာ အကဲဖြတ်ရန် တာဝန်ရှိသည်။
ဝန်ထမ်းများ: ဤမူဝါဒပါ အချက်အလက်များကို နားလည်ပြီး သိရှိထားရန် တာဝန်ရှိသည်။
ဤလုပ်ခလစာနှင့် အကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒသည် ကုမ္ပဏီကို ခိုင်မာသော၊ မျှတသော အလုပ်ရှင်အဖြစ် ပုံဖော်ပေးပြီး ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုနှင့် လုပ်ငန်းအောင်မြင်မှုကို အတူတကွ ဖော်ဆောင်ပေးမည်ဟု ယုံကြည်ပါသည်။