Leave Policy သည် ဝန်ထမ်းများအတွက် သတ်မှတ်ထားသော ခွင့်အမျိုးအစားများ၊ တောင်းခံရန်ဖြစ်စဥ်နှင့် စည်းမျဉ်းများကို ရှင်းလင်းစွာဖော်ပြထားပါသည်။
(မည်သည့်ဝန်ထမ်းမဆို ယင်းမူဝါဒကိုလိုက်နာရန် လိုအပ်သည်)
1. ရှောင်တခင်ခွင့် (Casual Leave)
အမြဲတန်း ဖြစ်ပြီး သူများအား တစ်နှစ်လျှင် ၁၂ ရက်အထိ ခွင့်ပေးသည်။
အနည်းဆုံး ၁လလျှင် ၁ ရက်သာ ခွင့်တောင်းခွင့်ရှိသည်။
ခွင့်တောင်းရန် ၃ ရက်ကြိုတင်အသိပေးရန် လိုအပ်သည်။
ပြက္ခဒိန်နှစ်ကုန်ဆုံးလျှင် ပျက်ပြယ်မည်။
2. ဖျားနာခွင့် (Sick Leave)
တစ်နှစ်လျှင် အများအားဖြင့် ၃၀ ရက်အထိ ခွင့်ရှိသည်။
ဆေးခွင့်အားစုဆောင်းထားခွင့်မရှိပါ။
ဆေးခန်းလက်မှတ် တင်ပြခြင်းလိုအပ်သည်။
ပြက္ခဒိန်နှစ်ကုန်ဆုံးလျှင် အလိုလျောက်ပျက်ပြယ်ပါသည်။
3. မိခင်/ဖခင်ဖြစ်မှုခွင့် (Maternity/Paternity Leave)
မိခင်ဖြစ်သူများအတွက် ၁၄ ပတ်
သန္ဓေပျက်ကျခြင်း ဖြစ်ပေါ်လာလျှင် (၄၅) ရက်
ဝန်ထမ်းလုပ်သက် တစ်နှစ်မပြည့်ခင် မီးဖွားခွင့်ယူသည့်ဝန်ထမ်းသည် အင်တာဗျူးတွင် ပွင့်လင်းမြင်သာစွာ တင်ပြခဲ့ခြင်းမရှိခဲ့ပါက ထိုမီးဖွားခွင့်အား ခံစားခွင့်မရှိ။
ဖခင်ဖြစ်သူများအတွက် ၁၅ ရက်ခွင့်
4. လစာမဲ့ခွင့် (Unpaid Leave)
လစာမဲ့ခွင့်အတွက် လစာရပိုင်ခွင့်မရှိပါ။
လစာမဲ့ခွင့်ကို အစမ်းခန့်ဝန်ထမ်းများ နှင့် ခွင့်လက်ကျန်ကုန်သွားသော ဝန်ထမ်းများအတွက် ဖြစ်သည်။
5. အရေးပေါ် / အထူးခွင့် (Emergency / Compassionate Leave)
မိသားစုအရေးအခင်းများအတွက် ခွင့်တောင်းနိုင်ပါသည်။
မူရင်းအခြေအနေပေါ်မူတည်၍ ဆုံးဖြတ်သည်။
6. နာရေးခွင့်
လုပ်သက် (၆) လနှင့် အထက်ဝန်ထမ်း၏ မိဘ၊ဇနီး၊ခင်ပွန်း၊သွေးချင်း၊ မိမိသားသမီးဆုံးပါးပါက နားရေးခွင့် (၃) ရက်ခံစားခွင့်ရှိသည်။
7. ပညာရေးလေ့လာဆည်းပူးခွင့်
ဝန်ထမ်း (၁) ဦးချင်းစီသည် အလုပ်ရှင်၏ခွင့်ပြုချက်ဖြင့် ပညာရေးလေ့လာဆည်းပူးခွင့်အား လစာမဲ့နှင့် (၁၅) ရက်ခံစားခွင့်ရှိသည်။
Leave Application Form ဖြည့်ပြီး Supervisor / Manager သို့တင်ပြရမည်။
Supervisor / Manager မှ အတည်ပြုပြီးလျှင် HR သို့ တင်ပြပေးရမည်။
HR မှ ထပ်မံ အတည်ပြုပြီးမှ ခွင့်အသုံးပြုခွင့်ရမည်။
Emergency Leave များအတွက် Post-approval စနစ်ဖြင့် တင်ပြပေးရမည်။ (Message, Viber အစရှိသည့် Channel များမှာ Approval တောင်းရမည်)
(မှတ်ချက် ။ ။ ခွင့် (၁) ရက်နှင့်အထက်ယူလိုပါက ဌာနအထက်လူကြီးနှင့် HR အား အနည်းဆုံး (၁)ပတ် စောပြီး တင်ပြရမည်)
📌 ခွင့်မဲ့/ ခွင့်ပျက်ကွက်ခြင်း
တစ်လလျှင် (၃) ရက်နှင့်အထက် ခွင့်ယူခဲ့ပါက သတိပေးခြင်းအဆင့်ဆင့်ဖြင့် အလုပ်မှထုတ်ပယ်သည်အထိ အရေးယူခြင်းခံရမည်ဖြစ်သည်။
ခွင့်တိုင်ကြားခြင်းမရှိဘဲ (၃)ရက်နှင့်အထက် ခွင့်ယူခဲ့ပါက အလုပ်မှ ရပ်စဲပါမည်။
သက်ဆိုင်ရာ ဌာနအထက်လူကြီးနှင့် HR မှ ခွင့်ပြုချက်မပေးသည့် ခွင့်အား ယူပါက (အခြေခံလစာ + ပျက်ကွက်လစာ ၁.၅ ဆ ) စုစုပေါင်း ၂.၅ ဆ ဖြတ်ပါမည်။
ခွင့်မတောင်းဘဲ ခွင့်ပျက်ခြင်းသည် လုပ်ငန်းကို မလေးစားရာ ရောက်သလို လုပ်ငန်းလည်ပတ်မှုကိုလည်း များစွာ နှောက်ယှက် ဒုက္ခရောက်စေပါသည်။
ခွင့်ကို စနစ်တကျတောင်းပြီး ညှိုနှိုင်းရယူနိုင်ပါသည်။
ခွင့်ကို မသမာနည်းဖြင့် မသင့်လျော်သော ခွင့်အသုံးပြုမှု ရယူခြင်းသည် Disciplinary Action (ပြင်းထန်စွာ အရေးယူမှု) ခံရနိုင်ပါသည်။