Step 1
ခေါင်းဆောင်ထံမှ အလုပ်ထွက်ရန် လမ်းညွှန်ချက်တောင်းပါ
Step 2
Notice Form ဖြည့်ပါ (အချက်အလက်များ ပြည့်စုံမှန်ကုန်ပါစေ)
Step 3
HR ထံသို့ Email ပို့ပါ (HR Form ဖြည့်ပြီးလည်း စာအိတ်ဖြင့် ပို့ပေးနိုင်ပါသည်)
Step 4
Exit Interview ရုံးမှာလာဖြေပါ (ပြန်လည်ဆွေးနွေးပါ)
Step 5
အလုပ်တာဝန်များ စနစ်တကျလွှဲပြောင်းပါ (၁လ အတွင်း)
Step 6
တာဝန်ယူမှုအပြည့်ဖြင့် အလုပ်မှ ထွက်ခွာပါ
1. ရည်ရွယ်ချက်
ဤမူဝါဒတွင် ဝန်ထမ်းတစ်ဦးသည် မိမိ၏ တာဝန်မှ စနစ်တကျ ထွက်ခွာလိုသောအခါ၌ ကုမ္ပဏီနှင့် တရားဝင်အဆင်ပြေမှုရှိစွာ ထွက်ခွါ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါသည်။
2. ကြိုတင်အသိပေးချိန် (Notice Period)
ဝန်ထမ်းသည် မိမိတာဝန်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါက အနည်းဆုံး (၁ လ ကြိုတင်အသိပေး) အကြောင်းကြားရမည်ဖြစ်သည်။
Email ဖြင့် (သို့မဟုတ်) HR Form ဖြင့် တရားဝင်အသိပေးရပါမည်။
3. Exit Process
အလုပ်မှ ထွက်ခွာမှုသည် အထူးပြဿနာမရှိဘဲ အဆင်ပြေစွာ ပြီးမြောက်စေရန်အတွက် HR ဌာနနှင့်အတူ Exit Interview ပြုလုပ်ရမည် ဖြစ်ပါသည်။
ထိုအခါ၌ Laptop, ID Card, ကုမ္ပဏီပိုင်ပစ္စည်းများအား ပြန်အပ်ရမည်။
မပြီးစီးသေးသော အလုပ်တာဝန်များအားလုံးကို တာဝန်လွှဲပြောင်းပေးရမည် ဖြစ်ပါသည်။
4. ပြန်လည်ဆွေးနွေးခြင်း / ဆုံးဖြတ်ချက်ပြောင်းလဲ
ဝန်ထမ်း၏ ဆုံးဖြတ်ချက်အပေါ် ကုမ္ပဏီ ဘက်မှ မကျေနပ်ပါက HR မှ ပြန်လည် ဆွေးနွေးပေးခြင်း ပြုလုပ်ရမည်။ သို့သော် သက်ဆိုင်ရာအလုပ်တာဝန်များအပေါ် ထိခိုက်မှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုဖြင့် ဆောင်ရွက်ရမည်။
5. Benefit & Payroll Settlement
ဝန်ထမ်း၏ Leave balance, Final salary, Bonus, OT, Gratuity စသည့် မပြီးမြောက်သော ငွေစာရင်းများကို ပြန်လည်တွက်ချက်ပေးမည်။
Exit process ပြီးစီးပြီးနောက် ငွေပေးချေမှုများကို ၁၀ ရက်အတွင်း လုပ်ဆောင်ရပါမည်။
6. Rehire Eligibility
အလုပ်ထွက်ခွာမှုသည် စနစ်တကျရှိခြင်း၊ တာဝန်ယူမှုအပြည့်ရှိခြင်း ဖြစ်ပါက နောင်အခါတွင် ပြန်လည်ခေါ်ယူခြင်း (Rehire) အခွင့်အလမ်းအတွက် အကျိုးကျေးဇူး ရရှိနိုင်ပါသည်။
DTwo ကုမ္ပဏီသည် ဝန်ထမ်းများအပေါ်တွင် ယုံကြည်မှု၊ ရိုးသားမှုနှင့် အပြန်အလှန် လေးစားမှုတို့ဖြင့် ဆက်ဆံဆောင်ရွက်ပါသည်။
ဝန်ထမ်း၏ အလုပ်ထွက်ခွာမှုသည်လည်း ယင်းတန်ဖိုးအတိုင်းကိုက်ညီစွာဖြင့် သက်တောင့်သက်သာဖြစ်အောင် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။