2026 Thingyan Plan
နာနတ်တောလမ်းတွင် သင်္ကြန် မဏ္ဍပ်ပြုလုပ်သွားပါမည်။ (ရုံးသင်္ကြန်ပါ ပေါင်းလုပ်သွားပါမည်)
ရေပိုက်၊ ရေပုံး၊ အုန်းလက်၊ Sound Box များ စီစဉ်ခြင်း၊ ဆိုင်ဘေးတွင် ရေကူးကန်များထည့်သွင်းခြင်း။
မုန့်လုံးရေပေါ်လုံးခြင်း၊ မုန့်လက်ဆောင်းအလှူများ ပြုလုပ်သွားပါမည်။
သင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ပြုလုပ်သွားပါမည်။
ဆိုင်ဖွင့်ချိန် မနက် ၉ နာရီမှ ည ၈:၃၀ နာရီအထိ ပြောင်းလဲဖွင့်လှစ်ပါမည်။
မနက်သမားများ (မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ)
ညနေသမားများ (ညနေ ၂:၃၀ မှ ည ၈:၃၀ အထိ)
ကားသမား (မနက် ၁၁:၃၀ မှ ည ၈:၃၀ နာရီအထိ)
Thingyan Festival
Office
သင်္ကြန်ပိတ်ရက် စုစုပေါင်း ၇ ရက်သာပိတ်ပါမည်။
၇ ရက်ထက်ပျက်ကွက်သော သူများကို (အခြေခံလစာ + ပျက်ကွက်လစာ ၁.၅ ဆ ) စုစုပေါင်း ၂.၅ ဆ ဖြတ်ပါမည်။
Liquor Shop များ
စုစုပေါင်း ဝန်ထမ်း ၇ ယောက် Standby ရှိရပါမည်။
နှစ်ဆန်း တစ်ရက်နေ့ တစ်ရက်ထဲသာ ပိတ်ပါမည်။
အလှည့်ကျ မဆင်းမနေရ ဆင်းရပါမည်။
အလုပ်လာဆင်းသူများ (အခြေခံလစာ + အချိန်ပို လစာ ၁.၅ ဆ) စုစုပေါင်း ၂.၅ ဆ ရရှိပါမည်။
သင်္ကြန် ၄ ရက်ထဲသာ တွက်ချက်ပေးပါမည်။
ပျက်ကွက်ပါက (အခြေခံလစာ + ပျက်ကွက်လစာ ၁.၅ ဆ ) စုစုပေါင်း ၂.၅ ဆ ဖြတ်ပါမည်။
ကျန်ရက် ၃ ရက်ကို အခြေခံလစာဖြင့် တွက်ချက်ပေးပါမည်။
Mini Mart
စုစုပေါင်း ဝန်ထမ်း ၄ ယောက် Standby ရှိရပါမည်။
ပိတ်ရက်မရှိပါ။
အလှည့်ကျ မဆင်းမနေရ ဆင်းရပါမည်။
အလုပ်လာဆင်းသူများ (အခြေခံလစာ + အချိန်ပို လစာ ၁.၅ ဆ) စုစုပေါင်း ၂.၅ ဆ ရရှိပါမည်။
သင်္ကြန် ၄ + နှစ်ဆန်း ၁ရက်နေ့ စုစုပေါင်း ၅ ရက်ထဲသာ တွက်ချက်ပေးပါမည်။
ပျက်ကွက်ပါက (အခြေခံလစာ + ပျက်ကွက်လစာ ၁.၅ ဆ) စုစုပေါင်း ၂.၅ ဆ ဖြတ်ပါမည်။
ကျန်ရက် ၂ ရက်ကို အခြေခံလစာဖြင့် တွက်ချက်ပေးပါမည်။