1. ဂိုဒေါင်အတွင်းသို့ ဝင်ထွက် နေထိုင်ခြင်း
ဂိုဒေါင်ထဲသို့ လူတိုင်းဝင်ရောက်ခွင့်မရှိပါ။
ဂိုဒေါင်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ ဂိုဒေါင်အတွင်းရှိပစ္စည်းများကို ထိကိုင်ခြင်းမပြုရ။
ဂိုဒေါင်အတွင်း ဝင်ရောက် နားနေခြင်း ခွင့်မပြုပါ။
2. ပစ္စည်းလက်ခံ သိုလှောင်ခြင်း
ကုန်ပစ္စည်းလက်ခံခြင်းကို ခြံထဲရှိ Inbound Area တွင် သေချာစွာ စစ်ဆေးပြီးမှ ဂိုဒေါင်ထဲသို့ ထည့်ရမည်။
ကုန်သည်မှ ပစ္စည်းလာချသည့်အခါတွင် ပစ္စည်းအရေအတွက်၊ ပျက်စီးနေခြင်း ရှိ၊မရှိ သေချာစွာ စစ်ဆေးရန်။
ပစ္စည်းများကို သတ်မှတ်ထားသော နေရာများတွင် သေချာစွာ အစီအစဉ်တကျ သိုလှောင်ရမည်။
သိုလှောင်သည့်အရေအတွက်နှင့် အမျိုးအစားကို မှတ်တမ်းတင်ထားရမည်။
ထိန်းသိမ်းရခက်ခဲသော ပစ္စည်းများ (flammable materials၊ liquid items စသည်) အတွက် သီးသန့် နေရာသို့ သိုလှောင်ရမည်။
3. လုံခြုံရေးစနစ်များ
ဂိုဒေါင်ပတ်ဝန်းကျင်တွင် မီးသတ်ကိရိယာများ သိုလှောင်ထားရမည်။
မီးသတ်ဌာန ဖုန်းနံပါတ်များ ကပ်ထားရမည်။
ဂိုဒေါင်သော့၊ ရုံးသော့များကို သက်ဆိုင်ရာ သူများသာ ကိုင်တွယ်အသုံးပြုရမည်။
ဂိုဒေါင်အတွင်း CCTV System နှင့် Logbook များအသုံးပြုပြီး ဝင်ထွက်မှတ်တမ်းများ ထိန်းသိမ်းရမည်။
4. ပစ္စည်းရယူခြင်းနှင့် ထုတ်ပေးခြင်း
ပစ္စည်းရယူရန် သို့မဟုတ် ထုတ်ပေးရန် မူရင်းစာရွက်စာတမ်း (issue list) နှင့် ခွင့်ပြုချက်လိုအပ်ပါသည်။
ပစ္စည်းထုတ်ပေးပြီးလျှင် ပစ္စည်းမအပ်မှီ သေချာစွာ လက်ခံတိုက်စစ်ပြီး ပစ္စည်းမှန်ကန်ကြောင်း လက်ခံသူအား လက်မှတ်ထိုးပြီးမှသာ ထုတ်ပေးရမည်။
ပစ္စည်းထုတ်ဘောက်ချာများအား စနစ်တကျ သိမ်းဆည်းရမည်။
ပစ္စည်းရယူသူ၏ အမည်၊ ရက်စွဲ၊ ထုတ်ပေးသော ပစ္စည်းအရေအတွက်ကို logbook တွင် မှတ်တမ်းတင်ရမည်။
5. သန့်ရှင်းမှုနှင့် စနစ်ကျမှု
ဂိုဒေါင်အတွင်း သန့်ရှင်းရေးကို အစဉ်အဆက် ထိန်းသိမ်းထားရမည်။
မလိုအပ်သောပစ္စည်းများကို အချိန်နှင့်တပြေးညီ ဖယ်ရှားရမည်။
အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်စေရန် စနစ်ကျစွာ ပစ္စည်းများကို စီစဉ်ထားရမည်။
6. ပစ္စည်းထုတ်ပိုးခြင်းနှင့် ပစ္စည်းပို့ဆောင်ခြင်း
ပစ္စည်းထုတ်ပိုးခြင်းများ၊ ပစ္စည်းဆင်ယင်ခြင်းများကို (ကန်တော့ခြင်းများ) ကို ဂိုထောင်မှ ပြုလုပ်ဆောင်ရွက် ပေးရမည်။
ဆိုင်များသို့ ပို့ဆောင်ရမည့် Packaging များ မှားယွင်းမှု မရှိစေရန် ဂိုဒေါင်သမားများမှ စစ်ဆေးလုပ်ကိုင် ရမည်။
ပစ္စည်း တင်တင်ချချ ကိစ္စရပ်များတွင် အာရုံစိုက်ပြီး အာမခံမှုရှိစေရန် အချိန်နှင့်တပြေးညီ အစီအစဉ်ပြုလုပ် လုပ်ကိုင်ရမည်။ (လိုအပ်ပါက အခြားသူများကို အကူအညီတောင်းခွင့်ရှိသည်။)
ဆိုင်များ၏လိုအပ်ချက်များကိုအချိန်ဇယားများအတိုင်း ပစ္စည်းပို့ဆောင်မှုနိုင်ရန် ဂိုဒေါင်သမားမှ စီမံကြီးကြပ် ရမည်။
7. လိုအပ်ချက်များဖြည့်ဆည်းမှု
ပစ္စည်းများအတွက် Stock level ကို မကြာခဏ စစ်ဆေးပြီး လိုအပ်သလို ပြည့်စုံစွာ ထိန်းသိမ်းထားရမည်။
Minimum stock level ရောက်သည့်အခါ ကုန်ပစ္စည်းတင်သွင်းရန် ပြင်ဆင်ထားရမည်။
ပစ္စည်းများ ထားသိုမှုအချိန်ကိုမှတ်တမ်းထားရှိရမည်ဖြစ်ပြီး အချိန်ကြာမြင့်စွာ ဂိုဒေါင်ထဲတွင် သိုလှောင်ထားသော ပစ္စည်းများစာရင်းကို အချိန်နှင့် တပြေးညီ အထက်သို့ တင်ပြရမည်။
Expired ပစ္စည်းများ၊ Damage ပစ္စည်းများကိုလည်း သီးသန့်နေရာသို့ သိုလှောင်ပြီး အချိန်နှင့် တပြေးညီ အထက်သို့ တင်ပြရမည်။
8. လိုက်နာဆောင်ရွက်ရမည့် အရာများ
မီးလောင်မှုနှင့် လုံခြုံရေးချို့ယွင်းမှုများအတွက် အရေးပေါ် စနစ်များ (backup plan, alarm system) အသင့်ပြင်ထားရမည်။
အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်ပေါ်ပါက Management အဖွဲ့သို့ ချက်ချင်း အသိပေးပြီး ညွှန်ကြားချက် များကို အမြန်ဆုံးပြုလုပ် ဆောင်ရွက်ရမည်။
လုပ်ငန်းခွင်သုံး ပစ္စည်းများ (Trolly၊ လှေကား) အစရှိသည့် ပစ္စည်းများကို အသုံးပြုပြီးပါက သတ်မှတ် ထားသော နေရာတွင် နေရာတကျ ပြန်လည်ထားရှိရမည်။
လုပ်ငန်းခွင်သုံး ကိရိယာပစ္စည်းများ (Sticker၊ စာရေးကိရိယာများ၊ တိတ်၊ ဓား၊ စက္ကူဂျပ်ဖာ) များကို အသုံးပြုပြီးတိုင်း နေရာတကျ ထားရှိရမည်။
လျှပ်စစ်မီးပလပ်ပေါက်များနှင့် မီးချောင်းများ ပျက်စီးမှုရှိပါက အချိန်မှီ ပြင်ဆင်ထိန်းသိမ်းဖို့အတွက် Management အဖွဲ့သို့ အသိပေး အကြောင်းကြားရမည်။
ကုန်ပစ္စည်းဝယ်ယူခြင်း၊ ကုန်သည်များ ပစ္စည်းလာရောက် ပို့ဆောင်ခြင်း (သို့မဟုတ်) ရုံးမှပို့ဆောင်ပေးသော ပစ္စည်းများလာရောက် ပို့ဆောင်ပါက ဂိုဒေါင်ထဲသို့အရင်ဆုံး ပို့ဆောင်စာရင်း ပေးသွင်းရမည်ဖြစ်သည်။ ! ပို့ဆောင်ပေးသော ပစ္စည်းများထဲမှ စာရင်းမသွင်းဘဲ ထုတ်ယူရောင်းချခြင်း မပြုရ !
ဂိုဒေါင်သို့ ပစ္စည်းထည့်လိုလျှင် ဂိုဒေါင်သမား (Warehouse Helper) တစ်ဦးပါမှ ပစ္စည်းထားခွင့်ရှိမည်ဖြစ်သည်။
ဂိုဒေါင်မှ ပစ္စည်းထုတ်လိုလျှင် ဂိုဒေါင်သမား (Warehouse Helper) တစ်ဦးပါမှ ပစ္စည်းထုတ်ယူခွင့်ရှိမည်။
ပစ္စည်းထုတ် စာရွက် (Form) တွင် သက်ဆိုင်ရာ တာဝန်ရှိသူရဲ့ ခွင့်ပြုချက် လက်မှတ်ပါရှိမှ ပစ္စည်းထုတ်ပေး မည်။ (Supervisor (သို့) Manager)
ပစ္စည်း ထုတ်တဲ့အခါတိုင်း ပစ္စည်းထုတ်စာရင်း (issue list) မှာ
လိုချင်တဲ့ ပစ္စည်းအမည် (Item Name or Code)
လိုချင်တဲ့ ပစ္စည်းအရေအတွက် (Item Quantity)
ပစ္စည်းထုတ်တဲ့ သူနာမည်၊ လက်မှတ်၊ အချိန်များ အပြည့်အစုံ ဖြည့်သွင်းပြီးမှသာ ပစ္စည်း ထုတ်ပေး ပါမည်။
လုပ်ငန်းသုံး ကုန်ဆုံးလွယ်ကိရိယာများ (ဥပမာ - စက္ကူအိတ်၊ ဂျပ်ဖာ) များကို ထုတ်အယူအသုံးပြု ပြီးပါက ကျန်ရှိသောပစ္စည်းများကို ဂိုဒေါင်(သို့) ပြန်အပ်ရန်။ ! ပြန်မအပ်ပဲ လုပ်ငန်းခွင်အတွင်း စည်းကမ်းမဲ့ အလွယ်စွန့်ပစ်ထားပါက ပစ္စည်းထုတ်ယူသွားသည့် သူမှတာဝန် ယူ ဖြေရှင်းရမည်။ !
လုပ်ငန်းရှင်ခွင့်ပြုချက်မပါပဲ ဂိုဒေါင်နှင့် မသက်ဆိုင်သည့် ပစ္စည်းများ ဂိုဒေါင်တွင်း အလွယ်ထားသို သိမ်းဆည်း ခြင်းမပြုရ။
ပိတ်ရက်တွေမှာ ပစ္စည်းထုတ်ယူခွင့်မပြုပါ။
အကယ်၍ ညပိုင်းအချိန်များနှင့် ပိတ်ရက်တွေမှာ ဆိုင်အတွက်အရေးပေါ် ပစ္စည်းထုတ်ယူလိုပါက လုပ်ငန်းရှင် (သို့) ဆိုင်တာဝန်ခံ ခွင့်ပြုချက်ပါမှ ပစ္စည်းထုတ်ပေးမည်။