လျှို့ဝှက်တိုင်ကြားသူ ကာကွယ်ရေး မူဝါဒ (Whistleblower Policy) သည် ကုမ္ပဏီအတွင်း မလျော်မကန်ပြုလုပ်မှုများ၊ ဥပဒေချိုးဖောက်မှုများ၊ စည်းကမ်းဖောက်ဖျက်မှုများ သို့မဟုတ် ကျင့်ဝတ်သိက္ခာမဲ့သော လုပ်ရပ်များကို သိရှိသော ဝန်ထမ်းများက အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရန်အတွက် ချမှတ်ထားသော မူဝါဒဖြစ်ပါသည်။ ဤမူဝါဒသည် တိုင်ကြားသူများကို ကာကွယ်ပေးပြီး တိုင်ကြားမှုများကို လျင်မြန်စွာ၊ ထိရောက်စွာနှင့် မျှတစွာ စုံစမ်းစစ်ဆေးဖြေရှင်းရန် ရည်ရွယ်သည်။
ကုမ္ပဏီအတွင်း မလျော်မကန်ပြုလုပ်မှုများ၊ ဥပဒေချိုးဖောက်မှုများနှင့် ကျင့်ဝတ်သိက္ခာမဲ့သော လုပ်ရပ်များကို စောစီးစွာ ဖော်ထုတ်တားဆီးရန်။
ဝန်ထမ်းများအား မည်သည့်အကြောင်းကြောင့်မှ လက်တုံ့ပြန်ခံရခြင်းမရှိဘဲ တိုင်ကြားနိုင်မည့် လုံခြုံသော လမ်းကြောင်းတစ်ခု ဖန်တီးပေးရန်။
ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ခံမှု (Accountability) နှင့် ကောင်းမွန်သော လုပ်ငန်းခွင် ယဉ်ကျေးမှု (Ethical Culture) ကို မြှင့်တင်ရန်။
ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ကာကွယ်ပြီး ဥပဒေစည်းမျဉ်းများကို လိုက်နာစေရန်။
ဤမူဝါဒသည် ကုမ္ပဏီ၏ ဝန်ထမ်းအားလုံး (အချိန်ပြည့်၊ အချိန်ပိုင်း၊ စာချုပ်ဖြင့် ခန့်ထားသူများ အပါအဝင်)၊ ယာယီဝန်ထမ်းများ၊ အလုပ်သင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ပြင်ပမှ ဝန်ဆောင်မှုပေးသူများ နှင့် ကုမ္ပဏီနှင့် ပတ်သက်ဆက်နွယ်နေသူများ အားလုံးနှင့် သက်ဆိုင်ပါသည်။
အောက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်ကြားမှုများ ပြုလုပ်နိုင်ပါသည်။ (၎င်းတို့သာမက အခြားမလျော်မကန်ပြုလုပ်မှုများကိုလည်း တိုင်ကြားနိုင်သည်)။
ဥပဒေချိုးဖောက်မှုများ: နိုင်ငံတော်၏ ဥပဒေများ၊ စည်းမျဉ်းများ (ဥပမာ- အလုပ်သမား ဥပဒေ၊ ဘဏ္ဍာရေး ဥပဒေ၊ ပတ်ဝန်းကျင် ဥပဒေ) ကို ချိုးဖောက်ခြင်း။
ငွေကြေး အလွဲသုံးစားမှုများ (Financial Misconduct): လိမ်လည်ခြင်း၊ ရန်ပုံငွေ အလွဲသုံးစားပြုခြင်း၊ ငွေစာရင်း ဖုံးကွယ်ခြင်း၊ အဂတိလိုက်စားခြင်း (Bribery)။
လုံခြုံရေးချိုးဖောက်မှုများ (Security Breaches): ကိုယ်နဲ့မဆိုင်သော နေရာများသို့ ဝင်ရောက်နေထိုင်ခြင်း၊ သတင်း အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း၊မျှဝေ အသုံးပြုခြင်း။
လုပ်ငန်းခွင် ကျင့်ဝတ်ဖောက်ဖျက်မှုများ (Ethical Violations): ခွဲခြားဆက်ဆံခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ အနိုင်ကျင့်ခြင်း၊ လုပ်ငန်းခွင် စည်းကမ်းများကို ပြင်းထန်စွာ ဖောက်ဖျက်ခြင်း။
ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ (Environmental & Health Hazards): ဝန်ထမ်းများ သို့မဟုတ် ဝယ်ယူအားပေးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်မှုများ။
အကျိုးစီးပွားပဋိပက္ခ (Conflict of Interest): ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် ကုမ္ပဏီ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း။
အခြားသော မလျော်မကန်ပြုလုပ်မှုများ: ကုမ္ပဏီ၏ ဂုဏ်သိက္ခာ သို့မဟုတ် တန်ဖိုးများကို ထိခိုက်စေနိုင်သော မည်သည့်လုပ်ရပ်မဆို တိုင်ကြားနိုင်ပါသည်။
တိုင်ကြားသူများသည် အောက်ပါ လမ်းကြောင်းများမှ တစ်ဆင့် တိုင်ကြားနိုင်ပါသည်။
တိုက်ရိုက် တိုင်ကြားခြင်း:
တိုက်ရိုက် ဌာနမှူး သို့မဟုတ် ကြီးကြပ်သူ (Direct Manager/Supervisor) ထံ တိုင်ကြားခြင်း။
လူ့စွမ်းအားအရင်းအမြစ်ဌာန (HR Department) သို့ တိုင်ကြားခြင်း။
ကုမ္ပဏီ၏ အကြီးတန်း စီမံခန့်ခွဲသူများ (Senior Management) များထံ တိုင်ကြားခြင်း။
လျှို့ဝှက် တိုင်ကြားခြင်း လိုင်း (Confidential Hotline/Email):
ကုမ္ပဏီမှ သတ်မှတ်ထားသော လျှို့ဝှက်ဖုန်းနံပါတ် (Hotline) သို့မဟုတ် အီးမေးလ်လိပ်စာ (Dedicated Email Address) သို့ တိုင်ကြားခြင်း။ ဤလမ်းကြောင်းများကို တိုင်ကြားသူ၏ အမည်၊ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်ရန် မလိုဘဲ တိုင်ကြားနိုင်ရန် စီစဉ်ထားပါသည်။
တိုင်ကြားရာတွင် ပါဝင်သင့်သော အချက်အလက်များ:
ကိစ္စရပ်၏ အသေးစိတ် ဖော်ပြချက် (ဘာဖြစ်ခဲ့လဲ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူတွေ ပါဝင်ခဲ့လဲ)။ (What, When, Where, Who)
သက်သေအထောက်အထားများ (ရှိလျှင်)။ (ဓာတ်ပုံ၊ အချက်အလက်များ၊ စာရွက်များ)
မည်သူ့ကို တိုင်ကြားလိုကြောင်း (တိုင်ကြားခံရသူ)။
တိုင်ကြားသူ၏ အမည်နှင့် ဆက်သွယ်ရန် လိပ်စာ (အမည်မဖော်လိုပါက ဖော်ပြရန်မလို)။
လက်တုံ့ပြန်မှုမှ ကာကွယ်ခြင်း (Protection Against Retaliation): ကုမ္ပဏီသည် မှန်ကန်သော တိုင်ကြားမှုပြုလုပ်သည့် မည်သည့်ဝန်ထမ်းကိုမျှ (တိုင်ကြားမှုသည် ရိုးသားစွာ တိုင်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် မှားယွင်းကြောင်း တွေ့ရှိရစေကာမူ) အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးလျှော့ချခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း သို့မဟုတ် အခြားမည်သည့် လက်တုံ့ပြန်မှုမျိုးကိုမှ မပြုလုပ်ရန် တင်းကြပ်စွာ တားမြစ်သည်။
လျှို့ဝှက်ထိန်းသိမ်းခြင်း (Confidentiality): တိုင်ကြားသူ၏ ကိုယ်ရေးအချက်အလက်များကို တိုင်ကြားသူ၏ ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် ဥပဒေအရ လိုအပ်ခြင်းမရှိဘဲ ထုတ်ဖော်ပြောကြားခြင်းမှ အတတ်နိုင်ဆုံး လျှို့ဝှက်ထားရှိမည်။
တိုင်ကြားမှု၏ သဘောရိုး (Good Faith Reporting): မူဝါဒသည် အမှန်တကယ် မလျော်မကန်ပြုလုပ်မှုများကို ရိုးသားသော စေတနာဖြင့် တိုင်ကြားသူများကိုသာ ကာကွယ်ပေးပါမည်။ အထောက်အထားမရှိဘဲ ရန်လိုသော ရည်ရွယ်ချက်ဖြင့် တိုင်ကြားမှုများ (Frivolous or Malicious Reports) အတွက်မူ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများဖြင့် ပြန်လည် အရေးယူပါမည်။
လက်ခံရရှိကြောင်း အတည်ပြုခြင်း: တိုင်ကြားမှုကို လက်ခံရရှိကြောင်း တိုင်ကြားသူအား (အမည်ဖော်ပြထားပါက) အတည်ပြု အကြောင်းပြန်ကြားရမည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း: သက်ဆိုင်ရာဌာနများ (ဥပမာ- HR, Legal, Internal Audit) မှ ကိုယ်စားလှယ်များ ပါဝင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
စုံစမ်းစစ်ဆေးခြင်း: စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တိုင်ကြားမှုနှင့် ပတ်သက်သော အချက်အလက်များ၊ သက်သေအထောက်အထားများကို စုဆောင်းစစ်ဆေးမည်။ ပါဝင်ပတ်သက်သူများကို လိုအပ်သလို မေးမြန်းစစ်ဆေးရမည်။
အစီရင်ခံစာ တင်ပြခြင်း: စုံစမ်းစစ်ဆေးမှု ပြီးဆုံးပါက တွေ့ရှိချက်များနှင့် အကြံပြုချက်များ ပါဝင်သော အစီရင်ခံစာကို အကြီးတန်း စီမံခန့်ခွဲမှုထံ တင်ပြရမည်။
ဆုံးဖြတ်ချက်ချခြင်းနှင့် လုပ်ဆောင်ခြင်း: စုံစမ်းစစ်ဆေးမှု ရလဒ်အပေါ် မူတည်၍ လိုအပ်သော အရေးယူမှုများ (ဥပမာ- စည်းကမ်းထိန်းသိမ်းရေး၊ ဥပဒေအရ ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ် ပြန်လည်ပြင်ဆင်ခြင်း) ကို ပြုလုပ်််ရပါမည်။
တုံ့ပြန်မှု (Feedback): စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ဆောင်ရွက်ပြီးစီးမှုများကို တိုင်ကြားသူအား (အမည်ဖော်ပြထားပါက) သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ တုံ့ပြန်အကြောင်းကြားရပါမည်။
ဤမူဝါဒကို လုပ်ငန်း၏ လိုအပ်ချက်များ၊ ဥပဒေပြောင်းလဲမှုများနှင့် အကောင်းဆုံး လုပ်ဆောင်မှုများအပေါ် မူတည်၍ ပုံမှန်ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက မွမ်းမံမည်ဖြစ်ပါသည်။
ဝန်ထမ်းများ: မလျော်မကန်ပြုလုပ်မှုများကို တွေ့ရှိပါက ရိုးသားစွာ တိုင်ကြားရန် တာဝန်ရှိသည်။
မန်နေဂျာများနှင့် ဌာနမှူးများ: တိုင်ကြားမှုများကို လေးစားစွာ လက်ခံရန်၊ လျှို့ဝှက်ထိန်းသိမ်းရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ချက်ချင်း အကြောင်းကြားရန် တာဝန်ရှိသည်။ မည်သည့် လက်တုံ့ပြန်မှုကိုမှ ပြုလုပ်ခြင်း မပြုရ။
လူ့စွမ်းအားအရင်းအမြစ်ဌာန (HR Department) နှင့် ဥပဒေရေးရာဌာန (Legal Department): ဤမူဝါဒကို အကောင်အထည်ဖော်ရန်၊ တိုင်ကြားမှုများကို စီမံခန့်ခွဲရန်နှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တာဝန်ရှိသည်။
ဤလျှို့ဝှက်တိုင်ကြားသူ ကာကွယ်ရေး မူဝါဒသည် ကုမ္ပဏီ၏ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ပိုမိုကျင့်ဝတ်သိက္ခာရှိပြီး ယုံကြည်စိတ်ချရသော နေရာတစ်ခုဖြစ်လာစေရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။