Alcohol (40.8%), Scotland, 12 Years, Johnnie Walker
အလွန်လူကြိုက်များသော Game of Thrones စီရီးမှ House of Targaryen ကို Inspire ယူပြီး ထုတ်လုပ်ထားသောကြောင့် ထူးခြားသော ပုံစံ ၊ နှစ်သက်ဖွယ်ကောင်းသော အရသာနှင့် လူကြိုက်များသော ဝီစကီတစ်မျိုးဖြစ်သည်။ ပုလင်းပုံစံမှာ မီးလျှံပေါ်မှ အသက်ရှုနေသော နဂါးနှင့် နီရဲနေသော မီးလျှံတို့ဖြင့် ပုံဖော်ထားသောကြောင့် ထင်ရှားသော ပုံစံရှိသည်။
Johnnie Walker A Song of Fire ဝီစကီသည် Caol ila စက်ရုံမှ malt ဖြင့် ပြုလုပ်ထားသောကြောင့် Rich and spice အရသာမှာ သိမ့်မွေမှုဖြင့် ဝင့်ကြွားနေနိုင်သော ဝီစကီတစ်မျိုးဖြစ်သည်။ A Song of Fire ဆိုသည့်အတိုင်း အလွန်ကြွယ်ဝသော Spice and Rich အရသာနှင့် အလွန် Smooth ဖြစ်သော ဝီစကီတစ်မျိုးဖြစ်သည်။
Aclohol 40.8 % ပါဝင်မှုရှိပြီး ၄င်း ဝီစကီနှင့် ပြုလုပ်၍ ရနိုင်သော Special Cocktail တစ်ခွက်ကို မိတ်ဆက်ပေးထည်သည်။
ထို Cocktail ကိုပြုလုပ်လိုလျှင်-
- Highball ခွက်ထဲတွက် ရေခဲအပြည့်ဖြည့်ပါ
- 50 ml Song of Fire ဝီစကီကို ထည့်ပါ
- 10 ml Pineapple အရက်နှင့် ခါးသော လိမ်မော်သီးအခွံ အနည်းထည့်ပါ
- Ginger beer 75 ml နှင့်Ginger Ale အနည်းထည့်ပြီး မွှေလိုက်လျှင် A Song of Fire Highball Cocktail ကို ရရှိမည်ဖြစ်သည်။