Alcohol (40%), Scotland, 12 Years, Johnnie Walker
Blue Label Treasure Sea ကို လူအများက အရှေ့တောင်အာရှ၏ ပုန်းကွယ်နေသော ရတနာတစ်ပါးဟု တင်စားကြသည်။
ရိုက်တာ သတင်းတစ်ခုအရ Johnnie Walker သည် ကမ္ဘာ့ နံပတ်တစ် ဝီစကီဖြစ်သည်ဟု နိုင်ငံတကာ Wine နှင့် အရက်တို့၏ မှတ်တမ်းဖြစ်သည့် IWSR မှ 2018 ခုနှစ်တွင် ဖော်ပြခဲ့သည်။
မကြာသေးမီက Limited Edition အဖြစ်ထုတ်ဝေခဲ့သော Blue Label Treasure Sea သည် နာမည်ကြီး graphic ဒီဇိုင်းနာ James Weston Lewis မှ အာရှနိုင်ငံများမှ ထင်ရှားသော သင်ကေတများပါသော ဒီဇိုင်းဖြင့်အာရှစျေးကွက်ကို ဖြန့်ချီခဲ့သည်။
၄င်းကို သင်တန်ဖိုးထားလေးစားသောသူကို အထူးစပယ်ရှယ်လက်ဆောင်အဖြစ် ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး သီးသန့်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည် ထို့ကြောင့် ဒီဇိုင်းပညာရှင် James Weston Lewis က ပုလင်ပေါ်တွင် အာရှနိုင်ငံများမှ ထင်ရှားသော နေရာနှင့် မတူကွဲပြားသော ရိုးရာဓလေ့ကို ထင်ဟပ်စေမည့် သင်ကေတများဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
Blue Label Treasure Sea သည် အထူးစပယ်ရှယ် ဝီစကီဟု ပြောရပါမည်။ အဘယ်ကြောင့်ဆိုသော် ၄င်းကို ထူးကဲစွာ Blend ထားပြီး ၄င်း၏ သက်တမ်းသည် 18 နှင့်ရှိသည်။ ရှားပါးပြီး စျေးကြီးသော ဝီစကီ တစ်မျိုးလည်းဖြစ်သည်။
ပါဝင်သည့် Alcohol percentage မှာ 40% ရှိပြီးဘအနံ့အရသာတွင် သင်းပျံ့မွှေးကြိုင်ပြီး အလွန် Luxury ဆန်သော အထိအတွေ့ရှိသည်။
အကောင်းဆုံး သောက်သုံးရမည့် ပုံစံမှာ ဝီစကီကို အေးအောင်ထားပြီး ရေခဲ့နှင့် Soda အနည်းငယ်ကို ရောပြီး သောက်လျှင် Blue Label Treasure Sea ၏ ထူးခြားသော ပင်ကိုအရသာကို ခံစားရမည်ဖြစ်သည်။