Alcohol (40%), Scotland, 12 Years, Johnnie Walker
Johnnie Walker မှ ဤ Ultimate 18 year old ကို မတူကွဲပြားသော ဝီစကီများဖြစ်ကြသည့် Cardhu, Glen Elgin, Auchroisk နှင့် Blair Athol တို့အပါအ၀င် စုစုပေါင်းဝီစကီ ၁၈ မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ဤ Ultimate 18 year ဝီစကီသည် Plantinum Label အမှတ်တံဆိပ် ကို အသစ်တဖန် ပြန်လည်ဖန်တီး ပြုလုပ်ထုတ်ဝခြေင်းဖြစ်ပြီး ၄ကို Ultimate 18 Year သို့မဟုတ် ၁၈ နှစ်အရွယ် Johnnie Walker ဟု၍လဲ လူသိများကြသည်။
ယခင်က Plantinum Label ဟုလူသိများသော ဤ Ultimate 18 year သည် အနည်းဆုံး ဆယ့်ရှစ်နှစ် ကြာ သည်အထိ အသက်သွင်းပြီးမှ ပြုလုပ်ရသောကြောင့် Rich အရသာ အများဆုံး လွှမ်းခြုံထားပြီး ၄တို့ကုမ္ပဏီမှ နာမည်အကြီးဆုံးဖြစ်သော Blue Label ၏ နောက်တွင် ဒုတိယ နာမည်အကြီးဆုံး ဝီစကီအေနဖြင့် ရပ်တည်နေသော ဝီစကီ လဲ ဖြစ် သည်။
ပါဝင်သည့် Alcohol valume မှာ 40% ရှိပြီး အနံ့အရသာတွင် သစ်သီးများ၏ သင်းပျံ့သော အနံ့ ၊ vanila cream တို့၏ အနံ့တို့မှာ နာမည်ကြီး ဝိုင် chilled Sauvignon Blanc အနံ့နှင့် ခပ်ဆင်ဆင်ဖြစ်သည်။
အရသာတွင် ပထမဦးစွာ အနည်း၍ငယ်ချိုသော အရသာကိုခံစားမိစေမှာဖြစ်ပြီး လျှာပေါ်ကိုရောက်သည်နှင့် သက်တမ်းရှည်သော ဝီစကီ အရသာ somke and spice ၏ rich လွှမ်းမိုးသော အရသာကို ခံစားရစေမည်ဖြစ်သည်။
အကောင်းဆုံး သောက်သုံးရမည့် ပုံစံမှာ Tumbler ခွက် ( အောက်ခြေတွင် ဖန်သားထူပြီး လေးသော ဝီစကီခွက်) တွင် 45 ml ခန့် Ultimate ဝီစကီကို ထည့်ပါ။ ပြီးလျှင် ရေခဲတစ်တုံးသာထည့်၍ ဖြည်းညှင်းစွာ တစ်ချက်သာ မွှေပြီး on the rock ပုံစံ သောက်ခြင်းသည်သာ ဤ Ultimate ဝီစကီအတွက် အသင့်တော်ဆုံး သောက်သင့်သော ပုံစံဖြစ်သည်။