Alcohol (41.7%), Scotland, 12 Years, Johnnie Walker
White Walker သည် Limited Edition စကော့တစ် ဝီစကီတစ်မျိုးဖြစ်ပြီး ဝီစကီ Specialist တစ်ဦးဖြစ်သည့် George Happer နှင့် Johinne Walker မှ ဝီစကီ ကျွန်းကျင်သောအဖွဲ့ငယ်တို့ အတူတကွ ပူပေါင်းကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။
၄င်းတို့သည် White Walker ကို အလွန်လူကြိုက်များသော တီဗွီဇတ်လမ်းတွဲတစ်ခုဖြစ်သည့် Game of Thrones စရီးထဲမှ ညစောင့်တံတိုင်း ကို inspired ယူကာ စကော့တလန်နိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး၌ရှိသော ဆောင်းရာသီ၏အအေးဒဏ်ကို ကာလအကြာရှည်ဆုံးခံရသော Clynelish (ဝီစကီစက်ရုံ) တွင် ပြုလုပ်ခြင်းဖြစ်သည်။
George ပြောသည်မှာ "White Walker ကို စကောတလန်ရဲ့ ဆောင်းရာသီကို အကြာကြီးခံရတဲ့ Clynelishမှာ လုပ်တဲ့ ဝီစကီမို့ ညစောင့်ကြည့်တံတိုင်းကို ထွက်ခွာသွားတဲ့ သူနဲ့တော့ တူမဟုတ်ပါဘူး ဒါကြောင့်လဲ အဲဒီနေရာက White Walker ကိုထုတ်လုပ်မဲ့ အကောင်းဆုံးနေရာဖြစ်ခဲ့တာပါ" ဟုဆိုသည်။
ပါဝင်သော Aclohol မှာ 41.7% ထိပါရှိပြီး လိမ္မော်၊ vanilla နှင့် Fruity အနံ့ရှိသည် ။
အရသာမှာ Vanilla ပိုင်ကိုယ်အရသာအပြင် ချယ်ရီနှင့် Oak အရသာလဲ ရှိသည်။
White Walker ကို ရေခဲထဲစိမ်ပြီး သောက်လျှင် ပို၍ကောင်းသည်ဟု ပြောရပါမည်။
Mixer များနှင့် ရောစပ်သောက်လိုသူများအတွက် Club Soda,Ginger Ale , Coca Cola အပြင် ရေနှင့်လည်း ရောစပ်သောက်သုံးနိုင်သည်။