Purchasing Department ဝယ်ယူရေးဌာန သည် ကုမ္ပဏီတစ်ခုလုံး၏ လိုအပ်ချက်များကို ဝယ်ယူဖြည့်ဆည်းပေးရန် ကုန်ပစ္စည်း၊ ပစ္စည်းကိရိယာများနှင့် လိုအပ်တဲ့ ဝန်ဆောင်မှုများကို စနစ်တကျ ဝယ်ယူဖြန့်ဖြူးပေးသော ဌာနဖြစ်ပါသည်။ Purchasing Department သည် ကုမ္ပဏီတစ်ခု၏ အောင်မြင်မှုအတွက် အလွန်အရေးကြီးသော ဌာနတစ်ခုဖြစ်ပြီး ထိရောက်သော ဝယ်ယူမှုစနစ်သည် ကုမ္ပဏီ၏ အမြတ်အစွန်းကို တိုးမြင့်စေနိုင်ပါသည်။
အဓိက လုပ်ငန်းတာဝန်များ
လိုအပ်ချက်ဆန်းစစ်ခြင်း - ဌာနအလိုက် ပစ္စည်းလိုအပ်ချက်များကို စိစစ်ရန်
ဈေးနှုန်းညှိနှိုင်းခြင်း - အကောင်းဆုံးအရည်အသွေးကို အနည်းဆုံးကုန်ကျစရိတ်ဖြင့် ရရှိရန်
ပေးသွင်းသူစီမံခန့်ခွဲမှု - ယုံကြည်စိတ်ချရသော ပေးသွင်းသူ (Suppliers) များနှင့် မိတ်ဖက်ပြုလုပ်ရန်
အရည်အသွေးထိန်းချုပ်မှု - ဝယ်ယူသည့်ပစ္စည်းများ အရည်အသွေးပြည့်မီမှုကို စစ်ဆေးရန်
ဘတ်ဂျက်ထိန်းချုပ်မှု - ကုမ္ပဏီ၏ ငွေကြေးအရင်းအနှီးကို ထိထိရောက်ရောက်အသုံးပြုရန်
ဝယ်ယူမှုလုပ်ငန်းစဉ် အဆင့် (၆) ဆင့်
ပစ္စည်းလိုအပ်ချက် သတ်မှတ်ခြင်း
ပေးသွင်းသူများထံမှ စျေးနှုန်းမေးမြန်းခြင်း (Quotation Request)
ပေးသွင်းသူရွေးချယ်ခြင်းနှင့် စာချုပ်ညှိနှိုင်းခြင်း
အမှာစာပုံစံ (PO) ထုတ်ပေးခြင်း (Purchasing Order)
ပစ္စည်းလက်ခံခြင်းနှင့် စစ်ဆေးခြင်း (GRN)
ငွေပေးချေမှုလုပ်ငန်းစဉ် ဆောင်ရွက်ခြင်း
အောင်မြင်သော Purchasing Department ဖြစ်ရန်
ပေးသွင်းသူများနဲ့ ဆက်ဆံရေး - ယုံကြည်စိတ်ချရသော ပေးသွင်းသူများနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မှု
ဈေးကွက်အချက်အလက်များ - ဈေးနှုန်းအခြေအနေ၊ ပစ္စည်းရရှိနိုင်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိမှု
နည်းပညာအသုံးချမှု - ERP စနစ်များ၊ e-Procurement စနစ်များ အသုံးပြုခြင်း
ဥပဒေနှင့်ညီညွတ်မှု - ကုမ္ပဏီမူဝါဒနှင့် နိုင်ငံ၏ ဝယ်ယူမှုဆိုင်ရာ ဥပဒေများကို လိုက်နာခြင်း
စီမံခန့်ခွဲမှု ကောင်းမွန်ခြင်း - လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း
အောင်မြင်သော ဝယ်ယူရေးဌာကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ
ကုန်ကျစရိတ် 15-30% အထိ သက်သာစေနိုင်ခြင်း
ဝယ်ယူ ထောက်ပံ့ပေးရေး ကွင်းဆက်လည်ပတ်မှုကို ပိုမိုချောမွေ့စေခြင်း
ပစ္စည်းအရည်အသွေးများ ကောင်းမွန်ပြီး တည်ငြိမ်မှုရရှိခြင်း
ကုမ္ပဏီ၏ Brand Name ကိုကောင်းမွန်စေပြီး ရေရှည်တည်တံ့မှုကို အထောက်အကူပြုခြင်း
ဖွဲ့စည်းပုံ
Purchasing Manager - ဝယ်ယူရေးမန်နေဂျာ
Procurement Officer - ပစ္စည်းဝယ်ယူရေး တာဝန်ခံ အရာရှိ
Buyer - ကုန်ပစ္စည်း တာဝန်ခံဝယ်ယူသူ
Purchasing Assistant - ပစ္စည်းဝယ်ယူရေး လက်ထောက် (စာရင်းအင်းနှင့်မှတ်တမ်းအရာရှိ)
Supplier Relationship Officer - ပေးသွင်းသူများနှင့် သက်ဆိုင်သည့် စာချုပ်နှင့်စည်းကမ်းရေးရာ အရာရှိ
🚣🏻 ဝယ်ယူရေးဌာနသည် ကုမ္ပဏီတစ်ခု၏ "အရင်းအမြစ်များ စီမံခန့်ခွဲရေး" တွင် အဓိကကျသော ဌာနတစ်ခုဖြစ်ပြီး ထိရောက်သော ဝယ်ယူမှုစနစ်သည် လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို အများဆုံး အထောက်အပံ့ဖြစ်စေပါသည်။