📌 Role (အခန်းကဏ္ဍ)
ဈေးဝယ်သူများအား ငွေကြေးလဲလှယ်မှုများကို မြန်ဆန်တိကျစွာ ဆောင်ရွက်ပေးခြင်းနှင့် စတိုးဆိုင်လုပ်ငန်းလည်ပတ်မှုကို အထောက်အကူပြုခြင်း။
👍 Responsibilities (တာဝန်များ):
💵 ငွေကြေးစီမံခြင်း (Financial Transactions)
ကုန်ပစ္စည်းများ၏ barcode များကို စကင်ဖတ်ခြင်း (သို့) လက်ဖြင့်ရိုက်ထည့်ခြင်း။
ငွေသားလက်ခံခြင်း၊ အကြွေးစာရင်းသွင်းခြင်း၊ ခရက်ဒစ်ကတ်/ဒက်ဘစ်ကတ်၊ မိုဘိုင်းငွေလွှဲအစရှိသော ငွေပေးချေမှုနည်းလမ်းများကို စနစ်တကျ ကိုင်တွယ်ခြင်း။
ပြန်အမ်းငွေများကို မှန်ကန်စွာတွက်ချက်ပေးခြင်း။
နေ့စဉ်ငွေသွင်းငွေထုတ်စာရင်း (Cash Drawer) ကို စစ်ဆေးပြီး လက်ကျန်ငွေ ညီမျှမှုရှိစေရန် သေချာစေခြင်း။
ငွေစာရင်းများကို မှန်ကန်၊ကိုက်ညီစွာ ပိတ်ခြင်း။
👩🏻🦰 ဖောက်သည် ဝန်ဆောင်မှု (Customer Service)
ဖောက်သည်များကို ကြိုဆိုခြင်း၊ ကျေးဇူးတင်စကားပြောခြင်း။
Member Card ပါ၊မပါ အမြဲတမ်းမေးမြန်းခြင်း။ Member မဖြစ်သေးသူများကို Member Card အကြောင်းရှင်းပြခြင်း။
ကုန်ပစ္စည်းနှင့်ပတ်သက်သော မေးခွန်းများ၊ ဈေးနှုန်းများ၊ ပရိုမိုးရှင်းများကို ပြန်လည်ဖြေရှင်းပေးခြင်း။
ပြန်လည်ဖလှယ်ခြင်း (Exchange) နှင့် ငွေပြန်အမ်းခြင်း (Refund) လုပ်ငန်းစဉ်များကို ဆိုင်မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း။
ဖောက်သည်များ၏ တိုင်ကြားမှုများ (ဥပမာ- ဈေးနှုန်းမှားယွင်းမှုများ) ကို ဖြေရှင်းပေးခြင်း။
⚙️ စနစ်နှင့်ပစ္စည်းများ ထိန်းသိမ်းခြင်း (System & Equipment Maintenance)
POS စက်၊ ငွေသွင်းစက်၊ ငွေရေစက်၊ barcode scanner နှင့် slip printer အစရှိသော ကိရိယာများကို ပုံမှန်စစ်ဆေးခြင်း။
ဖုန်းများ ဘေရှိ၊မရှိနှင့် ဖုန်းများကောင်း၊ မကောင်းကို ပုံမှန်စစ်ဆေးခြင်း။
ပစ္စည်းများ ပျက်စီးပါက စီမံခန့်ခွဲသူထံ အမြန်သတင်းပို့ခြင်း။
🏪 စတိုးဆိုင်စီမံခန့်ခွဲမှု (Store Operations Support)
ငွေသွင်းငွေထုတ်စာရင်းများ (Sales Reports) ကို မှတ်တမ်းတင်ခြင်း။
ကုန်ပစ္စည်းစင်များကို စနစ်တကျဖြစ်စေရန် ပြန်လည်စီခြင်း (ဥပမာ- Cashier နောက်က ပစ္စည်းများနှင့် ရောင်းအားကောင်းသောပစ္စည်းများ)။
စီမံခန့်ခွဲသူအား ကုန်ပစ္စည်းစာရင်း၊ ငွေစာရင်းလွှဲမှားမှုများ၊ Store Operation လွှဲမှားမှုများနှင့် ဖောက်သည်များ၏ တိုင်ကြားမှုများကို အစီရင်ခံခြင်း။
🧯 လုံခြုံရေးနှင့်မူဝါဒလိုက်နာမှု (Security & Compliance)
ငွေကြေးအတုများ၊ ခိုးမှုများကို သတိထားစောင့်ကြည့်ခြင်း။
ဘဏ် Pay Slip screen shot များဖြင့် လိမ်လည်မှုကို ဂရုစိုက် သတိထား လုပ်ဆောင်ခြင်း။
ကုမ္ပဏီ၏ လုပ်ငန်းညွှန်ကြားချက်များနှင့် ဥပဒေရေးရာလိုအပ်ချက်များကို လိုက်နာခြင်း။
🧑💼 အဖွဲ့လိုက်လုပ်ဆောင်မှု (Team Collaboration)
အခြားဝန်ထမ်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း (ဥပမာ- ပစ္စည်းပြန်ဖြည်ခြင်း၊ ဖောက်သည်စောင့်ဆိုင်းမှုလျှော့ချခြင်း)။
စီမံခန့်ခွဲသူအား ဈေးကွက်လိုအပ်ချက်များကို အကြံပြုခြင်း။
🤹🏻 အရည်အချင်းများ (Skills Required):
စိတ်ရှည်သည်းခံမှု၊ ဖောက်သည်နှင့်ဆက်ဆံရေး ကောင်းမွန်ခြင်း။
ငွေကြေးတွက်ချက်မှုစွမ်းရည်နှင့် အသေးစိတ်ပြုမှု ဆောင်ရွက်နိုင်ခြင်း။
POS စနစ်နှင့် နည်းပညာကိရိယာများကို အသုံးပြုနိုင်ခြင်း။
👨🏻💼 အစီရင်ခံရမည့်သူ
ဆိုင်အကြီးအကဲ (Supervisor) (သို့) Shop Accountant