📌 Content ဖန်တီးသူ (Content Creator) ၏ Role (အခန်းကဏ္ဍ)
Content ဖန်တီးသူသည် လူမှုကွန်ရက်၊ ဝဘ်ဆိုဒ်၊ ဘလော့ဂ်၊ ဗီဒီယို ပလက်ဖောင်းများစသော ဒစ်ဂျစ်တယ်နေရာများတွင် စွဲမက်ဖွယ်၊ အသုံးဝင်ပြီး ပရိသတ်နှင့်သက်ဆိုင်သော အကြောင်းအရာများကို ဖန်တီးရသူဖြစ်သည်။ ၎င်းတို့သည် လုပ်ငန်း၏ အမှတ်တံဆိပ်ကို မြှင့်တင်ရန်၊ ပရိသတ်ထိတွေ့မှုတိုးစေရန်၊ သို့မဟုတ် ရောင်းအားမြှင့်တင်ရန် အစရှိတဲ့ ရည်ရွယ်ချက်များဖြင့် စာသား၊ ရုပ်ပုံ၊ ဗီဒီယို၊ ဒီဇိုင်း စသည့် ပုံစံအမျိုးမျိုးများဖြင့် Content များကို ဖန်တီးလုပ်ဆောင်ရပါသည်။
👍 Responsibilities (တာဝန်များ):
အကြောင်းအရာဗျူဟာများ ရေးဆွဲခြင်း
လုပ်ငန်း၏ ရည်မှန်းချက်နှင့် ပရိသတ်လိုအပ်ချက်များကို အခြေခံသည့် လစဉ်/ပတ်စဉ် အကြောင်းအရာ အစီအစဉ်များ ရေးဆွဲခြင်း။
ပလက်ဖောင်းအလိုက် သင့်တော်သော ပုံစံနှင့် စတိုင်လ်များ သတ်မှတ်ခြင်း။
အကြောင်းအရာများ ဖန်တီးခြင်း
ဘလော့ဂ်ပို့စ်၊ ဆိုရှယ်မီဒီယာပို့စ်၊ ဗီဒီယို၊ အင်ဖိုဂရပ်ဖစ် စသည်တို့ကို ဖန်တီးခြင်း။
စာသားနှင့် ရုပ်ပုံ/ဗီဒီယိုကို ပေါင်းစပ်ကာ စိတ်ဝင်စားဖွယ် အကြောင်းအရာများ ပြုလုပ်ခြင်း။
SEO နှင့် စာသားအရည်အသွေးမြှင့်တင်ခြင်း
Search Engine များတွင် Update ဖြစ်စေရန် Keyword များကို စနစ်တကျ ထည့်သွင်းခြင်း။
ဘလော့ဂ်နှင့် ဝဘ်ဆိုဒ်အကြောင်းအရာများကို SEO-friendly ဖြစ်အောင် ပြင်ဆင်ခြင်း။
ဆိုရှယ်မီဒီယာစီမံခန့်ခွဲမှု
Facebook, Instagram, TikTok, LinkedIn စသော ပလက်ဖောင်းများပေါ်တွင် အကြောင်းအရာများ တင်ခြင်း၊ ပရိသတ်များနှင့် အပြန်အလှန်တုံ့ပြန်ခြင်း။
ကြော်ငြာပို့စ်များအတွက် စွဲမက်ဖွယ်စာသားနှင့် ရုပ်ပုံများ ပူးတွဲဖန်တီးခြင်း။
ဗီဒီယိုနှင့် ရုပ်သံအကြောင်းအရာများ ထုတ်လုပ်ခြင်း
ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ဂရပ်ဖစ်ဒီဇိုင်းများ ထည့်သွင်းခြင်းဖြင့် ဗီဒီယိုများကို ဖန်တီးပြုလုပ်ခြင်း။
YouTube, TikTok၊ Reels စသည့် ပလက်ဖောင်းများအတွက် သီးသန့်အကြောင်းအရာများ ပြုလုပ်ခြင်း။
ပရိသတ်နှင့် ထိတွေ့ဆက်သွယ်ခြင်း
မှတ်ချက်များကို ပြန်လည်ဖြေကြားခြင်း၊ စာတိုပေးပို့ခြင်း၊ ပရိသတ်အဖွဲ့များ (Community Groups) များကို စီမံခြင်း။
အကြောင်းအရာစွမ်းဆောင်ရည် စိစစ်ခြင်း
Google Analytics, Facebook Insights, YouTube Analytics စသော ကိရိယာများဖြင့် ကြည့်ရှုမှု၊ ထိတွေ့မှု၊ Engagement စသည့် ဒေတာများကို လေ့လာခြင်း။
Result - ရလဒ်များအပေါ် အခြေခံကာ အကြောင်းအရာဗျူဟာများကို ညှိခြင်း။
လက်ရှိအပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်ခြင်း
ဒစ်ဂျစ်တယ် စျေးကွက်လားရာများ၊ ပရိသတ်အပြုအမူပြောင်းလဲမှုများကို စောင့်ကြည့်ပြီး အကြောင်းအရာ (Content) များကို အဆင့်မြှင့်ခြင်း။
အမှတ်တံဆိပ်ဂုဏ်သတင်း ကိုထိန်းသိမ်းခြင်း
လုပ်ငန်း၏ အသံ (Tone of Voice)၊ စတိုင်လ်နှင့် မကိုက်ညီသော အကြောင်းအရာများကို ရှောင်ရှားခြင်း။
အွန်လိုင်းပေါ်ရှိ အမှတ်တံဆိပ်နှင့်ပတ်သက်သော မကောင်းသတင်းများ၊ ဝေဖန်မှုများကို စောင့်ကြည့်ကာကွယ်ခြင်း။
စာရေးစွမ်းရည် (သိပ်သည်းပြီး စွဲမက်ဖွယ်စာသားများ ဖန်တီးနိုင်ခြင်း)
ဗီဒီယိုတည်းဖြတ်ခြင်းနှင့် ဒီဇိုင်းစွမ်းရည် (အခြေခံအဆင့်)
SEO နှင့် Keyword Research ဆိုင်ရာ အသိပညာ
ဆိုရှယ်မီဒီယာပလက်ဖောင်းများကို နက်နက်နဲနဲနားလည်ခြင်း
ဒေတာစိစစ်မှုစွမ်းရည် (Analytical Thinking)
အချိန်စီမံခန့်ခွဲမှုနှင့် စီမံကိန်းစီမံခန့်ခွဲမှု
စာရေးသားခြင်း : Google Docs, Grammarly
ဒီဇိုင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်း : Canva, Adobe Premiere Pro, CapCut, Photoshop
SEO နှင့် ဒေတာစိစစ်ခြင်း : SEMrush, Google Analytics, Ahrefs
ဆိုရှယ်မီဒီယာစီမံခန့်ခွဲမှု : Hootsuite, Buffer, Later
အကြောင်းအရာစီမံခန့်ခွဲမှု : Trello, Asana, Notion
📍 ထိရောက်သော အကြောင်းအရာ (Content) များကို ဖန်တီးမှုသည် လုပ်ငန်း၏ အမှတ်တံဆိပ်ဂုဏ်သတင်း ကို မြှင့်တင်ပေးပြီး ပရိသတ်နှင့် ရေရှည်ဆက်ဆံရေး ကိုလည်းတည်ဆောက်နိုင်သည်။ ထို့အပြင် ဝဘ်ဆိုဒ်သို့ Traffic မြင့်တက်စေပြီး ရောင်းအား၊ Lead Generation နှင့် Brand Awareness တိုးလာစေနိုင်သည်။ 📍
👨🏻💼 အစီရင်ခံရမည့်သူ
Sale & Marketing, Digital Marketer
🤝 တွဲဖက်လုပ်ကိုင်ရမည့်သူ/ Report ပေးရမည့်သူ
Digital Marketer, Designer