📌 ဒီဇိုင်နာ (Designer) ၏ Role (အခန်းကဏ္ဍ)
ဒီဇိုင်နာသည် အမြင်သဘောဆိုင်ရာ ဆက်သွယ်မှု (Visual Communication) နှင့် ပြဿနာဖြေရှင်းခြင်း (Problem-Solving) တွေကို စိတ်ကူးဉာဏ်နှင့် နည်းပညာကို ပေါင်းစပ်ပြီးဖြေရှင်း အသုံးချရသူဖြစ်ပါသည်။ ၎င်းတို့သည် လုပ်ငန်း၏ ရည်မှန်းချက်များ၊ ပရိသတ်၏ လိုအပ်ချက်များနှင့် ကြေငြာများကို ထင်ဟပ်စေမည့် ဒီဇိုင်းများကို ပုံဖော်ဖန်တီး ပေးရသည်။ ဒီဇိုင်နာများသည် ဂရပ်ဖစ်ဒီဇိုင်း၊ UX/UI ဒီဇိုင်း၊ ထုတ်ကုန်ဒီဇိုင်း၊ ဝဘ်ဒီဇိုင်း စသည့် နယ်ပယ်အမျိုးမျိုးတွင် ပါဝင်ပြီး ရေးဆွဲနိုင်ရပါသည်။
👍 Responsibilities (တာဝန်များ):
လိုအပ်ချက်များကို နားလည်ခြင်း
လုပ်ငန်းရှင် သို့မဟုတ် ဖောက်သည်မှ ပေးသော လမ်းညွှန်ချက် (Client Brief) ကို စိစစ်ပြီး ရည်ရွယ်ချက်၊ ပရိသတ်၊ စျေးကွက်လိုအပ်ချက်များကို ခွဲခြမ်းစိတ်ဖြာခြင်း။
ဒီဇိုင်းအကြံဉာဏ်များ ဖန်တီးခြင်း
စာသား၊ ရုပ်ပုံ၊ ကာလာရွေးချယ်မှု၊ စီစဉ်မှု (Layout) စသည့် အစိတ်အပိုင်းများဖြင့် ကနဦးဒီဇိုင်းများ (Drafts) ကို ရေးဆွဲခြင်း။
ဖောက်သည်၏ လိုအပ်ချက်နှင့်ကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း။
ဓာတ်ပုံပညာရပ်များနှင့် ရှုထောင့်များလည်းပေါင်းစပ် ဖန်တီးခြင်း။
Design Tools, နည်းပညာ Tools များ အသုံးပြုခြင်း
Adobe Creative Suite (Photoshop, Illustrator, InDesign), Figma, Sketch, Canva စသော ဆော့ဖ်ဝဲများဖြင့် ပရော်ဖက်ရှင်နယ်ဒီဇိုင်းများ ဖန်တီးခြင်း။
Ai အစရှိတဲ့ နည်းပညာ Tools များကို အသုံးချနိုင်ခြင်း။
အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
စျေးကွက်ရေးအဖွဲ့၊ ဖွံ့ဖြိုးရေး အဖွဲ့ (Development Team) ၊ ဖောက်သည်များနှင့် ညှိနှိုင်းကာ ဒီဇိုင်းလုပ်ငန်းစဉ်များကို စီမံခြင်း။
အမှတ်တံဆိပ်နှင့်ကိုက်ညီသော ဒီဇိုင်းများ ဖန်တီးခြင်း
လုပ်ငန်း၏ Brand Identity (အမှတ်တံဆိပ်လက္ခဏာ) ကို ထင်ဟပ်စေမည့် စတိုင်လ်၊ အရောင်၊ စာလုံးဒီဇိုင်း (Typography) များ ဖန်တီးခြင်း။
အသုံးပြုသူအတွေ့အကြုံ (UX/UI) ဒီဇိုင်း
Website နှင့် Application များအတွက် အသုံးပြုရလွယ်ကူပြီး ဆွဲဆောင်မှုရှိသော Interface ဒီဇိုင်းများဆွဲခြင်း။
ပရိုတိုတိုက်ပ် (Prototype) များ ဖန်တီးကာ အသုံးပြုသူ၏တုံ့ပြန်မှုကို စမ်းသပ်ခြင်း။
အရည်အသွေးနှင့် အချိန်ကိုက်မှု စီမံခြင်း
ဒီဇိုင်းလုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးမြောက်အောင် စီမံခြင်း။
အချိန်တိုအတွင်း အမှားအယွင်းများကို စစ်ဆေးပြင်ဆင်နိုင်ခြင်း။
နည်းပညာနှင့် ဒီဇိုင်းလုပ်ငန်းစဉ်များ လိုက်လျောညီထွေဖြစ်စေခြင်း
ဒီဇိုင်းနည်းပညာများ (ဥပမာ- AI ဒီဇိုင်းကိရိယာများ) နှင့် လက်ရှိစျေးကွက် လားရာများကို စောင့်ကြည့်လေ့လာခြင်း။
နောက်ဆုံး ခေတ်စားနေတဲ့ Update design များကိုလည်း လေ့လာစောင့်ကြည့်ခြင်း။
ဖန်တီးမှုဆိုင်ရာ စီမံခန့်ခွဲမှု
ဒီဇိုင်းဖိုင်များကို စနစ်တကျ သိမ်းဆည်းခြင်း၊ ပြင်ဆင်ထားတဲ့ ဗားရှင်းများကို ထိန်းသိမ်းခြင်း။
ဖန်တီးမှုစွမ်းရည် (Creativity) နှင့် အနုပညာရှုထောင့်
ဒီဇိုင်းဆော့ဖ်ဝဲများ (Adobe, Figma, Sketch) ကို ကျွမ်းကျင်စွာအသုံးပြုနိုင်မှု
အသေးစိတ်ကို ဂရုပြုမှု (Attention to Detail)
အရောင်၊ စာလုံးဒီဇိုင်း၊ Space အယူအဆ (Color Theory, Typography, Spacing) ဆိုင်ရာ အသိပညာ
အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု (Team Collaboration) နှင့် ဆက်သွယ်ပြောဆိုနိုင်မှု
အသုံးပြုသူအတွေ့အကြုံ (UX/UI) ဒီဇိုင်းနှင့် ပတ်သက်သော အခြေခံဗဟုသုတ
ဂရပ်ဖစ်ဒီဇိုင်း : Adobe Photoshop, Illustrator, InDesign, Canva
UX/UI ဒီဇိုင်း : Figma, Sketch, Adobe XD, InVision
သုံးဖက်မြင်ဒီဇိုင်း : Blender, AutoCAD
ဗီဒီယိုနှင့် လှုပ်ရှားမှုဒီဇိုင်း : After Effects, Premiere Pro
📍 ထိရောက်သော ဒီဇိုင်းများသည် လုပ်ငန်း၏ အမှတ်တံဆိပ်ကို မြှင့်တင်ပေးပြီး ပရိသတ်နှင့် စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်မှုကို အားကောင်းစေသည်။ ထို့အပြင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၏ အရည်အသွေးနှင့် ယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။
ဒီဇိုင်နာတစ်ဦး၏ တာဝန်သည် လုပ်ငန်း၏ ရည်မှန်းချက်ပေါ် မူတည်၍ ပြောင်းလဲနိုင်သော်လည်း အဓိကအားဖြင့် ဖန်တီးမှုနှင့် နည်းပညာကို ပေါင်းစပ်၍ ပြဿနာများကို အဖြေရှာရန် ဖြစ်ပါသည်။ 📍
👨🏻💼 အစီရင်ခံရမည့်သူ
Sale & Marketing Manager
🤝 တွဲဖက်လုပ်ကိုင်ရမည့်သူ/Report ပေးရမည့်သူ
Digital Marketer, Content Creator