📌 ဘဏ္ဍာရေးမန်နေဂျာ (Finance Manager) ၏ Role (အခန်းကဏ္ဍ)
ဘဏ္ဍာရေးမန်နေဂျာသည် လုပ်ငန်း၏ ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ် ကောင်းမွန်ရေး ကို စနစ်တကျ စီမံခန့်ခွဲရသူဖြစ်သည်။ ၎င်းတို့သည် ဘတ်ဂျက်ရေးဆွဲခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာများ ပြုစုခြင်း၊ ဥပဒေနှင့်ညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံဉာဏ်များပေးခြင်း စသည့် လုပ်ငန်းများကို ဦးဆောင်ပြီး လုပ်ငန်း၏ ရေရှည်တည်တံ့မှုနှင့် အမြတ်အစွန်းတိုးတက်ရေးအတွက် ဗျူဟာများကို ရေးဆွဲရတာ ဖြစ်ပါသည်။
👍 Responsibilities (တာဝန်များ):
ဘတ်ဂျက်ရေးဆွဲခြင်းနှင့် ထိန်းချုပ်ခြင်း
လုပ်ငန်း၏ နှစ်စဉ်/လစဉ် ဘတ်ဂျက်များကို ဌာနအလိုက် လိုအပ်ချက်များနှင့်အညီ ရေးဆွဲခြင်း။
အသုံးစရိတ်များကို စောင့်ကြည့်ကာ ဘတ်ဂျက်မှ လွှဲမသွားစေရန် ထိန်းညှိုလုပ်ဆောင်ခြင်း။
ဘဏ္ဍာရေးအစီရင်ခံစာများ ပြင်ဆင်ခြင်း
ဝင်ငွေ-အသုံးစရိတ် (Income Statement)၊ ငွေကြေးစီးဆင်းမှု (Cash Flow Statement)၊ လက်ကျန်ရှင်းတမ်း (Balance Sheet) စသော လစဉ်/နှစ်စဉ် ဘဏ္ဍာရေးအစီရင်ခံစာများ ပြုစုခြင်း။
အမှုဆောင်အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံသူများအား ဘဏ္ဍာရေးအခြေအနေ ရှင်းလင်းတင်ပြခြင်း။
ငွေကြေးစီးဆင်းမှု စီမံခန့်ခွဲခြင်း
လုပ်ငန်း၏ ငွေလုံလောက်မှု ရှိတာကို သေချာစေရန် ငွေကြေးစီးဆင်းမှု (Cash Flow) ကို စောင့်ကြည့်ခြင်း။
အရန်ငွေစနစ် (Liquidity Management) ဖြင့် မလွဲမသွေ ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း။
ဥပဒေနှင့်ညီညွတ်မှု စစ်ဆေးခြင်း
အခွန်ဥပဒေ၊ ဘဏ္ဍာရေးစံနှုန်းများ (ဥပမာ- IFRS, GAAP) နှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးခြင်း။
စာရင်းစစ်များနှင့် ပူးပေါင်းကာ ဘဏ္ဍာရေးစာရင်းဇယားများကို စစ်ဆေး အတည်ပြုခြင်း။
ဘဏ္ဍာရေးခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကြိုတင်ခန့်မှန်းခြင်း
လုပ်ငန်း၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို ခွဲခြမ်းစိတ်ဖြာကာ အားနည်းချက်များအား ဖော်ထုတ်ခြင်း။
စီးပွားရေးအလားအလာနှင့် စျေးကွက်အခြေအနေများအပေါ် အခြေခံ၍ ဘဏ္ဍာရေးကြိုတင်ခန့်မှန်းချက်များ ပြုလုပ်ခြင်း။
အဖွဲ့စီမံခန့်ခွဲမှု
ဘဏ္ဍာရေးဌာနဝန်ထမ်းများကို ဦးဆောင်ခြင်း၊ လေ့ကျင့်ပေးခြင်း၊ တာဝန်များခွဲဝေပေခြင်းနှင့် စွမ်းဆောင်ရည်အကဲဖြတ်ခြင်း။
စွန့်စားမှုစီမံခန့်ခွဲခြင်း (Risk Management)
ငွေကြေးဆိုင်ရာ စွန့်စားမှုများ (ဥပမာ- ဈေးကွက်အတက်အကျ၊ ငွေကြေးဖောင်းပွမှု) ကို စီမံခြင်း။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံဉာဏ်များပေးခြင်း
လုပ်ငန်းတိုးချဲ့မှု၊ စက်ပစ္စည်းဝယ်ယူမှု သို့မဟုတ် နည်းပညာရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ္ဍာရေးအရ တွက်ခြေကိုက်သော အကြံပြုချက်များ ပေးခြင်း။
စရိတ်ထိန်းသိမ်းခြင်းနှင့် အရင်းအမြစ်စီမံခန့်ခွဲမှု
ကုန်ကျစရိတ်လျှော့ချရန် နည်းလမ်းများ ရှာဖွေခြင်းနှင့် အရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေအသုံးပြုခြင်း။
ဘဏ္ဍာရေးခွဲခြမ်းစိတ်ဖြာမှု (Financial Analysis)
ဗျူဟာမြောက်စီမံခန့်ခွဲမှု (Strategic Planning)
ဘဏ္ဍာရေးဆော့ဖ်ဝဲများ (QuickBooks, SAP, Tally) နှင့် ERP စနစ်များ ကို အသုံးပြုနိုင်မှု
အခွန်နှင့် စာရင်းကိုင်ပညာ (Taxation & Accounting) ဆိုင်ရာ အသိပညာ
ဒေတာခွဲခြမ်းစိတ်ဖြာမှု (Data Analysis) နှင့် Excel ကို အဆင့်မြင့်အသုံးပြုနိုင်မှု
ဆက်သွယ်ပြောဆိုမှု (Communication) နှင့် အဖွဲ့စီမံခန့်ခွဲမှု
စာရင်းကိုင် : QuickBooks, Xero, Tally
ERP စနစ် : Odoo, SAP, Oracle, Microsoft Dynamics
ဒေတာခွဲခြမ်းစိတ်ဖြာရေး : Microsoft Excel (Advanced), Power BI, Tableau
အခွန်စီမံခန့်ခွဲမှု : TaxJar, Avalara
စွန့်စားမှုစီမံခန့်ခွဲရေး : Riskalyze, LogicManager
📍 ထိရောက်သော ဘဏ္ဍာရေးမန်နေဂျာတစ်ဦးသည် လုပ်ငန်းအား ဘဏ္ဍာရေးတည်ငြိမ်မှု ရှိစေပြီး အထက်လူကြီးများ၏ ဆုံးဖြတ်ချက်များကို ဒေတာအခြေပြုပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချနိုင်စေရန် အဓိကလုပ်ဆောင်သည်။ ထို့အပြင် စရိတ်ထိန်းသိမ်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေခြင်း၊ ဥပဒေနှင့်ညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်း၏ ရေရှည်တည်တံ့မှု နှင့် ယှဉ်ပြိုင်နိုင်စွမ်း ကို မြှင့်တင်ပေးပါသည်။ 📍
👨🏻💼 အစီရင်ခံရမည့်သူ
CEO, Operation Director, BOD (If necessary)
🤝 တွဲဖက်လုပ်ကိုင်ရမည့်သူ/Report ပေးရမည့်သူ
Fulfillment Manager, Purchasing Manager