📌 ကုန်စည်ဖြန့်ဖြူးရေးအကူ ၏ Role (အခန်းကဏ္ဍ)
ကုန်စည်ဖြန့်ဖြူးရေး အကူများသည် ကုန်ပစ္စည်းများ ထုတ်လုပ်မှုမှ စတင်၍ စားသုံးသူထံသို့ ရောက်ရှိသည်အထိ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ စီမံခန့်ခွဲရာတွင် အရေးပါသော အထောက်အပံ့ပေးသူများ ဖြစ်ပါသည်။
၎င်းတို့၏ အဓိကတာဝန်မှာ ကုန်စည်နှင့် ဝန်ဆောင်မှုများ ချောမွေ့စွာ စီးဆင်းနိုင်ရန် လိုအပ်သော လုပ်ငန်းဆောင်တာများကို ကူညီဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ကုန်စည်ဖြန့်ဖြူးရေး အကူသည် ကုန်ပစ္စည်းများ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စာရင်းအင်းများ စနစ်တကျ ထိန်းသိမ်းခြင်းတို့ကို လုပ်ငန်းတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ရပါသည်။
👍 Responsibilities (တာဝန်များ):
ပစ္စည်းစာရင်းစီမံခန့်ခွဲမှု
ကုန်ပစ္စည်းများ၏ ဝင်ရောက်မှု၊ ထွက်ရောက်မှုနှင့် လက်ကျန်စာရင်းများကို နေ့စဉ်မှတ်တမ်းတင်ခြင်း။
သိုလှောင်ရုံအတွင်း ပစ္စည်းများ စနစ်တကျထားရှိမှုကို စစ်ဆေးခြင်း။
သယ်ယူပို့ဆောင်ရေး ညှိနှိုင်းခြင်း
ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် သင့်တော်သော ယာဉ်၊ လမ်းကြောင်းနှင့် အချိန်ဇယားကို စီစဉ်ပေးခြင်း။
ပို့ဆောင်ရေးကုမ္ပဏီများ၊ ကုန်တင်ယာဉ်မောင်းများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း။
စာရွက်စာတမ်း ပြင်ဆင်ခြင်းနှင့် မှတ်တမ်းတင်ခြင်း
ကုန်ပစ္စည်းပို့ဆောင်မှုဆိုင်ရာ လက်မှတ် (ဥပမာ- Delivery Note, Invoice) များ ပြင်ဆင်ခြင်း။
ပစ္စည်းလက်ခံ/ပေးပို့မှု မှတ်တမ်းများကို ဒီဂျစ်တယ်စနစ် (သို့မဟုတ်) စာရွက်ဖြင့် သိမ်းဆည်းခြင်း။
ဆက်သွယ်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ တာဝန်များ
ဝယ်ယူသူများ၊ ပေးသွင်းသူများ၊ လုပ်ငန်းခွဲများနှင့် ပုံမှန်ဆက်သွယ်ပြီး အချက်အလက်များ နှင့် Report များပြင်ဆင် ပေးပို့ခြင်း။
နောက်ဆုံး ရောက်ရှိလာသည့် ပစ္စည်းများ အကြောင်း၊ Damage ပစ္စည်းများကို အသိပေးအကြောင်းကြားခြင်း။
ကုန်ပစ္စည်းများ ဝင်ချိန်နောက်ကျခြင်းနှင့် အကြောင်းကြောင်းကြောင့် ပို့်ဆောင်မှု နှောင့်နှေးစေသည့် အချက်များကို အသိပေးခြင်း။
ပြဿနာဖြေရှင်းခြင်း
ကုန်ပစ္စည်းပျောက်ဆုံးမှု၊ နှောင့်နှေးမှု၊ အရည်အသွေးပြဿနာများကို စုံစမ်းဖြေရှင်းခြင်း။
အရေးပေါ်အခြေအနေများတွင် စီမံခန့်ခွဲမှုအဖွဲ့အား အကြောင်းကြားခြင်း။
Logistic Software အသုံးပြုခြင်း
ERP စနစ်ကဲ့သို့သော Digital Software များကို အသုံးပြုပြီး ပစ္စည်းစီးဆင်းမှုကို စောင့်ကြည့်ခြင်း။
ဒေတာများကို အဆင့်ဆင့်သိမ်းဆည်းကာ အစီရင်ခံစာများ ပြုစုခြင်း။
ကုန်ကျစရိတ်ထိန်းသိမ်းခြင်း
သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်မှုဆိုင်ရာ ကုန်ကျစရိတ်များကို စိစစ်လေ့လာခြင်း။
ကုန်ကျ စရိတ်သက်သာစေရန် နည်းလမ်းများကို အထက်သို့ အကြံပြုခြင်း။
အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်း – လုပ်ငန်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု။
အချိန်စီမံခန့်ခွဲနိုင်မှု – လုပ်ငန်းအမျိုးမျိုးကို ဦးစားပေးအလိုက် စီမံခြင်း။
အသေးစိတ် နှင့် နည်းပညာကျွမ်းကျင်မှု – Excel, ERP စနစ်များ၊ မြေပုံဆော့ဖ်ဝဲများ အသုံးပြုနိုင်မှု။
သိမြင်နားလည်မှု – ကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်များကို နားလည်ခြင်း။
ကုန်စည်ဖြန့်ဖြူးရေး အကူသည် လုပ်ငန်း၏ ထိရောက်မှု နှင့် စရိတ်ထိရောက်မှု ကို တိုက်ရိုက်အကျိုး သက်ရောက်စေသည်။ မှန်ကန်သော အချက်အလက်များ၊ စနစ်တကျမှတ်တမ်းတင်ခြင်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းသည် အဓိကလိုအပ်ချက်ဖြစ်ပါသည်။
👨🏻💼 အစီရင်ခံရမည့်သူ
Fulfillment Manager