📌 ကုန်ပစ္စည်း အဝယ်တော် (Purchaser) ၏ Role (အခန်းကဏ္ဍ)
Purchaser တစ်ဦးသည် လုပ်ငန်းတစ်ခု၏ လိုအပ်သော ထုတ်ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ကို စျေးနှုန်းသက်သာပြီး အရည်အသွေးပြည့်မီစွာ ဝယ်ယူရန် တာဝန်ရှိသူဖြစ်သည်။ ၎င်းတို့သည် ကုမ္ပဏီ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ကုန်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ ပစ္စည်းကိရိယာများ၊ ဝန်ဆောင်မှုများကို စနစ်တကျစီမံဝယ်ယူခြင်းဖြင့် လုပ်ငန်းလည်ပတ်မှုနှင့် ကုန်ထုတ်လုပ်မှုကို ချောမွေ့စေရန် အဓိကပံ့ပိုးပေးရသည်။
👍 Responsibilities (တာဝန်များ):
လိုအပ်ချက်များ အကဲဖြတ်လေ့လာခြင်း
ကုမ္ပဏီ၏ ကုန်ပစ္စည်း/ဝန်ဆောင်မှုလိုအပ်ချက်များကို ဌာနအလိုက် စုစည်းခြင်းနှင့် ဦးစားပေးအလိုက်သတ်မှတ်ခြင်း။
လက်ရှိစတော့နှင့် အနာဂတ်မှာ လိုအပ်မည့် လိုအပ်ချက်များကို ခန့်မှန်းခြင်း။
ပေးသွင်းသူ (Supplier) ရွေးချယ်ခြင်းနှင့် စီမံခန့်ခွဲမှု
ယုံကြည်စိတ်ချရသော ပေးသွင်းသူများကို စျေးနှုန်း၊ အရည်အသွေး၊ ပို့ဆောင်မှုစွမ်းရည်စသည့် အချက်များဖြင့် စိစစ်ရွေးချယ်ခြင်း။
ပေးသွင်းသူများနှင့် ရေရှည်ဆက်ဆံရေးတည်ဆောက်ခြင်း။
စျေးနှုန်းညှိနှိုင်းခြင်းနှင့် စာချုပ်ပြုလုပ်ခြင်း
ကုန်ပစ္စည်းများအတွက် စျေးနှုန်းညှိနှိုင်းခြင်း၊
အပိုကုန်ကျမည့် ကုန်ကျစရိတ်များကို ထိန်းသိမ်းလျော့ချခြင်း။
စာချုပ်များရေးဆွဲခြင်း၊
ပေးပို့မှုအချိန်ဇယား၊ အရည်အသွေးစံနှုန်းများကို သတ်မှတ်ခြင်း။
Purchase Order စီမံခန့်ခွဲခြင်း
ဝယ်ယူမှုလုပ်ငန်းစဉ်ကို အတည်ပြုခြင်း၊ PO များထုတ်ပေးခြင်း၊ မှတ်တမ်းများသိမ်းဆည်းခြင်း။
ပေးသွင်းသူများထံမှ ပစ္စည်းများ မှန်ကန်စွာရောက်ရှိမှုကို စောင့်ကြည့်ခြင်း။
ပစ္စည်းပို့ဆောင်မှုနှင့် အရည်အသွေးထိန်းသိမ်းခြင်း
ပစ္စည်းများ အချိန်မီရောက်ရှိရေး ညှိနှိုင်းခြင်း။
လက်ခံပစ္စည်းများ၏ အရည်အသွေးနှင့် ပမာဏကို စစ်ဆေးခြင်း။
ပြဿနာဖြေရှင်းခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်ချက်
ပစ္စည်းပျောက်ဆုံးမှု၊ နောက်ကျမှု၊ အရည်အသွေးမမှီသည့်ပြဿနာများကို ပေးသွင်းသူနှင့် ညှိနှိုင်းဖြေရှင်းခြင်း။
ပြန်လည်အစားထိုးခြင်း သို့မဟုတ် ပေးသွင်းသူ၏ စာရင်းပြင် ဘောက်ချာကို ပြန်လည်တောင်းဆိုခြင်း။
ဘဏ္ဍာရေးနှင့် အစီရင်ခံစာပြုစုခြင်း
ဝယ်ယူမှုဆိုင်ရာ ကုန်ကျစရိတ်များကို ခြေရာခံ လေ့လာခြင်း၊ အစီရင်ခံခြင်း။
စီမံခန့်ခွဲသူများအား လစဉ်/သုံးလပတ် အစီရင်ခံစာများ တင်ပြခြင်း။
ဆက်သွယ်ရေးနှင့် ညှိနှိုင်းမှုစွမ်းရည် - ပေးသွင်းသူများနှင့် ကုမ္ပဏီအတွင်းဌာနများအကြား ထိရောက်သောဆက်သွယ်မှု။
စျေးနှုန်းသက်သာမှုအတွက် ဗျူဟာကျနမှု - စျေးကွက်အခြေအနေကို သိရှိနားလည်ပြီး စျေးနှုန်းညှိနှိုင်းနိုင်မှု။
အသေးစိတ်ဂရုစိုက်မှု - စာချုပ်များ၊ ပမာဏနှင့် အရည်အသွေးကို မှန်ကန်စေရန်။
နည်းပညာကျွမ်းကျင်မှု - ERP System၊ Microsoft Excel၊ ဝယ်ယူမှုဆော့ဖ်ဝဲများကို အသုံးပြုနိုင်မှု။
ဥပဒေနှင့်ကိုက်ညီမှု - ဝယ်ယူမှုဆိုင်ရာဥပဒေများ၊ ကုန်သွယ်ရေးစည်းမျဉ်းများနှင့် ရင်းနှီးမှု။
📍 Purchaser သည် ကုမ္ပဏီ၏ ကုန်ကျစရိတ်ထိန်းသိမ်းမှု၊ ထုတ်လုပ်မှုအဆင်ပြေမှုနှင့် ဝင်ငွေတိုးတက်မှုကို တိုက်ရိုက်အကျိုးပြုသော ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်ပေါ်မူတည်၍ Senior Purchasing Manager, Supply Chain Manager သို့မဟုတ် Executive Purchasing Officer အထိ တိုးတက်နိုင်ပါသည်။📍
👨🏻💼 အစီရင်ခံရမည့်သူ
Senior Purchasing Manager, Purchasing Director