📌 (Sale & Marketing Manager) ၏ Role (အခန်းကဏ္ဍ)
အရောင်းနှင့် စျေးကွက်ရှာဖွေရေး ရေးမန်နေဂျာသည် လုပ်ငန်း၏ အရောင်းအ၀ယ်နှင့် စျေးကွက်ရှာဖွေရေး လှုပ်ရှားမှုများ ကို စနစ်တကျ စီမံခန့်ခွဲသူဖြစ်သည်။ ၎င်းတို့သည် လုပ်ငန်းရည်မှန်းချက်များနှင့်အညီ အမြတ်အစွန်းနှင့် ဈေးကွက်ပိုင်ဆိုင်မှုများ တိုးတက်စေရန် ထိရောက်သောဗျူဟာများရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရပါသည်။ ထို့အပြင် အဖွဲ့အစည်းအတွင်း စျေးကွက်ရေးနှင့် အရောင်းဌာနများ ပူးပေါင်းကာ လုပ်ငန်းဆောင်တာများကိုလည်း မြှင့်တင်ပေးရပါသည်။
👍 Responsibilities (တာဝန်များ):
ဗျူဟာများရေးဆွဲခြင်း
လုပ်ငန်း၏ ရေတိုနှင့်ရေရှည် ရည်မှန်းချက်များနှင့်အညီ အရောင်းနှင့်စျေးကွက်ရေးအစီအစဉ်များ ရေးဆွဲခြင်း။
ဈေးကွက်လိုအပ်ချက်၊ ပြိုင်ဘက်များ၏ လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာကာ ထိရောက်သော ချဉ်းကပ်မှုများ ဖန်တီးခြင်း။
အဖွဲ့စီမံခန့်ခွဲခြင်း
အရောင်းနှင့်စျေးကွက်ရေးအဖွဲ့များကို ဦးဆောင်ခြင်း၊ လေ့ကျင့်ပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း။
အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်အကဲဖြတ်ခြင်း။
အရောင်းပစ်မှတ်များ သတ်မှတ်ခြင်း
လစဉ်/နှစ်စဉ် အရောင်းပစ်မှတ်များ ချမှတ်ပြီး အောင်မြင်ရန် လမ်းညွှန်ခြင်း။
ပစ်မှတ်များကို မှန်ကန်စွာ ဖြန့်ဝေကာ စောင့်ကြည့်ခြင်း။
စျေးကွက်ရေးကမ်ပိန်းများ စီမံခြင်း
ဒစ်ဂျစ်တယ်၊ မီဒီယာ၊ လူမှုကွန်ရက်နှင့် ရုပ်ပိုင်းဆိုင်ရာ ကြော်ငြာများကို စီစဉ်အကောင်အထည်ဖော်ခြင်း။
ထုတ်ကုန်/ဝန်ဆောင်မှုအသစ်များ မိတ်ဆက်ရာတွင် ပါဝင်ခြင်း။
ဘတ်ဂျက်စီမံခန့်ခွဲမှု
အရောင်းနှင့်စျေးကွက်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်ချမှတ်ခြင်း၊ ကုန်ကျစရိတ်ထိန်းသိမ်းခြင်း။
စွမ်းဆောင်ရည်စိစစ်ခြင်း
အရောင်းအရည်အသွေး (Sales KPIs)၊ ကြော်ငြာ ROI၊ ဈေးကွက်ရှယ်ယာစသည့် ဒေတာများကို စိစစ်ခြင်း။
ရလဒ်များအပေါ် အခြေခံ၍ ဗျူဟာများ ပြန်လည်ချိန်ညှိခြင်း။
ဖောက်သည်ဆက်ဆံရေး စီမံခန့်ခွဲမှု (CRM)
ဖောက်သည်များနှင့် ရေရှည်ဆက်ဆံရေးတည်ဆောက်ရန် နည်းဗျူဟာများ ချမှတ်ခြင်း။
CRM စနစ်များကို အသုံးပြု၍ ဖောက်သည်ဒေတာများ စီမံခြင်း။
ဈေးကွက်သုတေသနနှင့် ပြိုင်ဘက်စောင့်ကြည့်ခြင်း
ဈေးကွက်လားရာ၊ ဖောက်သည်လိုအပ်ချက်များကို စောင့်ကြည့်လေ့လာခြင်း။
ပြိုင်ဘက်များ၏ ဗျူဟာများကို သိရှိကာ တုံ့ပြန်မှုများ ပြင်ဆင်ခြင်း။
ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်မှု
ထုတ်ကုန်ဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
ဒီဇိုင်း Team များနှင့်လည်းပေါင်းစပ်ပြီး တန်ဖိုးမြှင့်တင် ဆောင်ရွက်ခြင်း။
အမှတ်တံဆိပ်စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ခြင်း
လုပ်ငန်း၏ အမှတ်တံဆိပ်ဆိုင်ရာ စံနှုန်းများကို ထိန်းသိမ်းခြင်း။
Business Ethics နှင့် ညီညွတ်သော စျေးကွက်ရှာဖွေ ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခြင်း။
ခေါင်းဆောင်မှုစွမ်းရည် (Leadership) နှင့် အဖွဲ့စီမံခန့်ခွဲမှု (Management)
ဗျူဟာမြောက်စဉ်းစားနိုင်မှု (Strategic Thinking)
အရောင်းနှင့်စည်းရုံးရေး ပရိယာယ် (Negotiation & Persuasion)
ဒေတာခွဲခြမ်းစိတ်ဖြာမှု (Data Analysis)
ဒစ်ဂျစ်တယ်စျေးကွက်ရေးနည်းပညာများ (SEO, SEM, Social Media) ကို နားလည်ခြင်း
ဆက်သွယ်ပြောဆိုမှု (Communication) နှင့် အချိန်စီမံခန့်ခွဲမှု (Time Management)
တင်ဆက်မှု စွမ်းရည် (Presentation skills)
CRM စနစ် : Salesforce, HubSpot
ဒေတာစိစစ်ရေး : Google Analytics, Tableau, Power BI
စျေးကွက်ရေးအလိုအလျောက်စနစ် : Mailchimp, Hootsuite
အရောင်းစီမံခန့်ခွဲမှု : Zoho CRM, Microsoft Dynamics
စီမံကိန်းစီမံခန့်ခွဲမှု : Trello, Asana
📍 ထိရောက်သော အရောင်းနှင့်စျေးကွက်ရေးမန်နေဂျာတစ်ဦးသည် လုပ်ငန်းအား အရောင်းအ၀ယ်တိုးတက်စေ၍ ဈေးကွက်ပိုင်ဆိုင်မှုရှယ်ယာများကို မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် ဖောက်သည်သစ်များ စုဆောင်းခြင်း၊ အမှတ်တံဆိပ်အပေါ် သစ္စာရှိမှု တည်ဆောက်ခြင်း၊ စျေးကွက်တွင်ဦးဆောင်မှု ရရှိစေခြင်း အစသောရှိ အကျိုးကျေးဇူးများကို ဖန်တီးပေးနိုင်သည့်သူဖြစ်ပါသည်။📍
👨🏻💼 အစီရင်ခံရမည့်သူ
CEO, Operation Director
🤝 တွဲဖက်လုပ်ကိုင်ရမည့်သူ/Report ပေးရမည့်သူ
Fulfillment Manager, Retail Shop Manager, Finance Manager