📌 Role (အခန်းကဏ္ဍ)
Sale Staff သည် စတိုးဆိုင်တွင်း ဖောက်သည်များအား ဝန်ဆောင်မှုပေးခြင်း၊ ကုန်ပစ္စည်းများရောင်းချခြင်း၊ စတိုးဆိုင်လုပ်ငန်းစဉ်များ ချောမွေ့စေရန် ကူညီဆောင်ရွက်ခြင်းတို့ကို အဓိကတာဝန်ယူရသူဖြစ်သည်။ ဖောက်သည်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ထုတ်ကုန်များအား အကြံပြုခြင်း၊ ရောင်းအားတိုးမြင့်ရန် စည်းရုံးခြင်းနှင့် စတိုးဆိုင်အတွင်း စနစ်တကျစီမံခန့်ခွဲမှုတို့ကို ဆောင်ရွက်ရသည်။
👍 Responsibilities (တာဝန်များ):
🙏 ဖောက်သည်များအား ကြိုဆိုဝန်ဆောင်မှုပေးခြင်း
စတိုးဆိုင်သို့ ဝင်ရောက်လာသော ဖောက်သည်များအား ယဉ်ကျေးစွာကြိုဆိုခြင်း၊ လိုအပ်သောအကူအညီပေးခြင်း။
ဖောက်သည်များ၏ လိုအပ်ချက်ကို နားလည်ပြီး သင့်တော်သော ထုတ်ကုန်များအား အကြံပြုခြင်း။
🛒 ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် စျေးနှုန်းသတ်မှတ်ခြင်း
ကုန်ပစ္စည်းများအား စျေးနှုန်း၊ အထူးလျှော့စျေးများ၊ ပရိုမိုးရှင်းများနှင့်အညီ ရောင်းချခြင်း။
POS (Point of Sale) စနစ်ကို အသုံးပြုကာ ငွေသွင်းခြင်း၊ ပြန်အမ်းခြင်းစသည့် ငွေကြေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ခြင်း။
📦 ကုန်ပစ္စည်းစီမံခန့်ခွဲမှု
စတိုးဆိုင်အတွင်း ကုန်ပစ္စည်းများ စနစ်တကျပြသခြင်း၊ သန့်ရှင်းသောအခြေအနေတွင် ထားရှိခြင်း။
ပစ္စည်းလက်ကျန်စာရင်းကို ပုံမှန်စစ်ဆေးခြင်း၊ ပြန်လည်ဖြည့်တင်းခြင်းနှင့် ပျက်စီးနေသောပစ္စည်းများကို အစားထိုးရန် စီမံခန့်ခွဲသူထံ အကြောင်းကြားခြင်း။
✌️ ဖောက်သည်တိုင်ကြားမှုများ ဖြေရှင်းခြင်း
ဖောက်သည်များ၏ မကျေနပ်မှုများ၊ ငွေစာရင်းမှားယွင်းမှုများ ၊ ပစ္စည်းအမှားအယွင်းများကို စိတ်ရှည်လက်ရှည် ဖြေရှင်းပေးခြင်း။
ပြဿနာများကို အမြန်ဆုံးဖြေရှင်းရန် စီမံခန့်ခွဲသူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
📈 ရောင်းအားတိုးတက်ရေး လုပ်ဆောင်ခြင်း
အထူးလျှော့စျေးများ၊ ပရိုမိုးရှင်းများကို ဖောက်သည်များထံ အသိပေးခြင်း။
ဆိုင်တွင်း စျေးနှုန်းတံဆိပ်ကပ်ခြင်း၊ ကုန်ပစ္စည်းများအား ဆွဲဆောင်မှုရှိစွာပြသခြင်း။
ဆိုင်အပြင်အဆင် အလှဆင်ခြင်း (Visual Merchandising) ကို ဆောင်ရွက်ခြင်း။
🧹 ဆိုင်အတွင်းသန့်ရှင်းမှုနှင့် စနစ်တကျပြင်ဆင်မှု
ကုန်ပစ္စည်းစင်များ၊ ပြသသည့်နေရာများအား သန့်ရှင်းသပ်ရပ်စွာထားရှိခြင်း။
စျေးဆိုင်အား သန့်ရှင်းမှုရှိစေရန် ဖုန်သုတ်ခြင်း၊ ကြမ်းပြင်သန့်ရှင်းရေးများ ပြုလုပ်ခြင်း။
ဆိုင်အတွင်း လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို စောင့်ကြည့်ခြင်း။
🧑💼 အဖွဲ့နှင့်ပူးပေါင်းလုပ်ကိုင်ခြင်း
စတိုးမန်နေဂျာ၊ အခြားရောင်းအားဝန်ထမ်းများနှင့် ညှိနှိုင်းလုပ်ကိုင်ခြင်း။
လိုအပ်ပါက စတိုးဆိုင်ဖွင့်ချိန်/ပိတ်ချိန်တွင် ကူညီဆောင်ရွက်ခြင်း။
📋 အခြားတာဝန်များ
Member Card များထုတ်ပေးခြင်၊ စီစဉ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခြင်း။
ဖောက်သည်များ၏ ပြန်လည်လဲလှယ်လိုသော မဲပါသည့် ပစ္စည်းများကို စစ်ဆေးခြင်း။
လိုအပ်ပါက ဆိုင်ပိတ်ရက်များတွင်လည်း အချိန်ပို လာရောက်ဆင်းခြင်း။
မီးဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုများ (မီးသတ်ဆေးဘူးများ) ထားရှိထားခြင်းကို စစ်ဆေးခြင်း။
🤹🏻 လိုအပ်သောအရည်အချင်းများ:
ဖောက်သည်နှင့်ဆက်ဆံရာတွင် စိတ်ရှည်သည်းခံမှုနှင့် ယဉ်ကျေးသောစကားပြောဆိုမှု။
ကွန်ပျူတာ/POS စနစ်အသုံးပြုနိုင်မှု။
ရောင်းအားတိုးတက်ရေး စိတ်အားထက်သန်မှု။
အသေးစိတ်ကို ဂရုစိုက်တတ်ပြီး အချိန်မှန်လုပ်ကိုင်နိုင်မှု။
👨🏻💼 အစီရင်ခံရမည့်သူ
ဆိုင်မန်နေဂျာ (သို့) ဆိုင်အကြီးအကဲ (Supervisor)