📌 Role (အခန်းကဏ္ဍ)
Shop Accountant (သို့မဟုတ် ဆိုင်ငွေကြေးစီမံခန့်ခွဲသူ) သည် စတိုးဆိုင်၏ ငွေကြေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲပြီး ဘဏ္ဍာရေးတိကျမှု၊ ကုန်ပစ္စည်းများ မှန်ကန်မှု တို့ကို သေချာစေရန် တာဝန်ယူရသူဖြစ်သည်။ အောက်ပါတာဝန်များကို ထမ်းဆောင်ရသည်။
👍 Responsibilities (တာဝန်များ):
📈 ဘဏ္ဍာရေးစီမံခန့်ခွဲမှု
နေ့စဉ် ငွေသွင်းငွေထုတ် စာရင်းများ မှတ်တမ်းတင်ခြင်း၊ ငွေလက်ကျန်ညှိခြင်း။
အရောင်းနှင့် ဝယ်ယူမှုစာရင်းများ (Sales & Purchase Invoices) ကို စစ်ဆေးပြီး စနစ်တကျ သိမ်းဆည်းခြင်း။
ဘဏ်နှင့် ငွေကြေးလွှဲပြောင်းမှုများ စီမံခြင်း၊ ဘဏ်စာရင်းများ ညှိခြင်း။
💵 ဘတ်ဂျက်နှင့် အသုံးစရိတ်ထိန်းချုပ်မှု
လုပ်ငန်း၏ ဘတ်ဂျက်ရည်မှန်းချက်များ ချမှတ်ရာတွင် ပါဝင်ကူညီခြင်း။
အသုံးစရိတ်များကို ဘတ်ဂျက်အတွင်း ထိန်းသိမ်းနိုင်ရန် စောင့်ကြည့်ခြင်း။
ကုန်ကျစရိတ် မှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာ၍ အကြံပြုချက်များ ပေးခြင်း။
📦 ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှု
ကုန်ပစ္စည်း အဝင်အထွက်စာရင်း (Stock Inventory) ကို မှတ်တမ်းတင်ခြင်း။
ကုန်ပစ္စည်း စာရင်းကိုက်ညီမှု (Stock Reconciliation) စစ်ဆေးခြင်း။
📄 အစီရင်ခံစာများပြုစုခြင်း
လစဉ် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာများ (Cash Flow Report) ပြင်ဆင်ခြင်း။
အရောင်း အစီရင်ခံစာများ (Sale Report) ပြုစုခြင်း။
ကုန်ပစ္စည်းလက်ကျန်စာရင်းနှင့် ပစ္စည်းပျောက်ဆုံးမှု၊ ပျက်စီးမှု စာရင်းများကို (Inventory Report) တွက်ချက်အစီရင်ခံခြင်း။
စီမံခန့်ခွဲသူများအတွက် ဘဏ္ဍာရေးအချက်အလက်များ ပုံမှန်တင်ပြခြင်း။
⚙️ စနစ်တကျစီမံခြင်း (Internal Controls and Monitoring)
ငွေကြေးဆိုင်ရာ လိမ်လည်မှုများ မဖြစ်စေရန် စောင့်ကြည့်ခြင်း။
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကို စောင့်ကြည့်ခြင်း။
လေ့လွင့် ပစ္စည်းပျောက်ဆုံးမှု၊ ပျက်စီးမှုများ၏ အားနည်းချက်များကို စောင့်ကြည့်လေ့လာခြင်း။
ငွေကြေးအချက်အလက်များ၊ ဘောက်ချာများ လုံခြုံစွာသိမ်းဆည်းခြင်း။
🤲🏼 စာရင်းစစ် ခံရာတွင် ပံ့ပိုးကူညီခြင်း
လုပ်ငန်း စာရင်းစစ် ခံရာတွင် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း။
စာရင်းစစ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
📋 အခြားတာဝန်များ
ဆော့ဖ်ဝဲ (ဥပမာ - POS, Excel, Powerpoint, ERP) များကို အသုံးပြုခြင်း။
လုပ်ငန်း၏ ဘဏ္ဍာရေးတိုးတက်မှုအတွက် အကြံပြုချက်များ ပေးခြင်း။
စီမံခန့်ခွဲသူများနှင့် ဘဏ္ဍာရေး၊ ကုန်ပစ္စည်း အခြေအနေများ ပုံမှန်ဆွေးနွေးခြင်း။
🤹🏻 လိုအပ်သော အရည်အချင်းများ
စာရင်းကိုင်ပညာဆိုင်ရာ အသိပညာ (ဘွဲ့ရ သို့မဟုတ် သက်ဆိုင်ရာလက်မှတ်)။
ကွန်ပျူတာ (အထူးသဖြင့် Excel, Accounting Software) အသုံးပြုနိုင်မှု။
ဂရုစိုက်မှု၊ တိကျမှု၊ လျှို့ဝှက်မှုကို ထိန်းသိမ်းနိုင်စွမ်း။
စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာနိုင်သော စွမ်းရည်။
👨🏻💼 အစီရင်ခံရမည့်သူ
ဆိုင်မန်နေဂျာ (Shop Manager) နှင့် ရုံးချုပ် Finance Department , Warehouse Department
📍 Shop Accountant သည် ဆိုင်၏ ဘဏ္ဍာရေးကို ထိန်းသိမ်းပေးပြီး၊ စီးပွားရေးဆုံးဖြတ်ချက်များ မှန်ကန်စေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ 📍