📌 Role (အခန်းကဏ္ဍ)
Shop Helper သည် ဆိုင်အတွင်းရှိ ပစ္စည်းများ စနစ်တကျ စီရီထားခြင်း၊ စျေးနှုန်းများ ကပ်ထားခြင်း၊ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ဆောင်ရွက်ရခြင်း၊ ဂိုဒေါင်အတွင်းရှိပစ္စည်းများကို စီရီခြင်း၊ သန့်ရှင်းရေးထိန်းသိမ်းခြင်း စသည်တို့ကို တာဝန်ယူဆောင်ရွက်ပေးရသည်။ Supervisor သို့မဟုတ် Shop Manager ၏ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရပါသည်။
👍 Responsibilities (တာဝန်များ):
၁။ 👩🏻🦰 ဖောက်သည်ဝန်ဆောင်မှု
ဆိုင်သို့လာရောက်သော ဖောက်သည်များကို ကြိုဆိုခြင်း၊ လိုအပ်သော အကူအညီပေးခြင်း။
ဖောက်သည်များ၏ မေးမြန်းချက်များကို ဖြေဆိုခြင်း၊ ထုတ်ကုန်များကို ရှာဖွေပြသပေးခြင်း။
ဖောက်သည်တိုင်းကို ပျော်ရွှင်စရာကောင်းသော ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားခြင်း။
၂။ 🏪 ဆိုင်တွင်း စနစ်တကျထိန်းသိမ်းခြင်း
ပစ္စည်းများကို သတ်မှတ်နေရာတွင် စနစ်တကျချိတ်ဆွဲ/ထားရှိခြင်း။
ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် စဉ်ဆက်မပြတ် စစ်ဆေးပြီး ဖြည့်တင်းခြင်း။
ဈေးနှုန်းတံဆိပ်ကပ်ခြင်း၊ ပရိုမိုးရှင်းပစ္စည်းများ ပြင်ဆင်ခြင်း။
စျေးဆိုင်အား သန့်ရှင်းမှုရှိစေရန် ဖုန်သုတ်ခြင်း၊ ကြမ်းပြင်သန့်ရှင်းရေးများ ပြုလုပ်ခြင်း။
၃။ 📦 ကုန်ပစ္စည်းစီမံခန့်ခွဲမှု
ပို့ဆောင်လာသော ကုန်များကို လက်ခံခြင်း၊ စာရင်းသွင်းခြင်း။
Stock ရှိမှုကို ပုံမှန်စစ်ဆေးကာ မှတ်တမ်းများ Update ထားရှိခြင်း။
Expired Date သက်တမ်းကုန်နီးသော ပစ္စည်းများကို အမြဲမပျက် စောင့်ကြည့်ခြင်း။
၄။ 💵 ရောင်းအားနှင့် ပတ်သက်ပြီး ကူညီခြင်း
ငွေကိုင်/ဘဏ်ကတ်စက်ကို အသုံးပြု၍ ငွေသွင်းခြင်း၊ ပြေစာထုတ်ပေးခြင်း။
ဝယ်ယူထားသော ပစ္စည်းများကို သေချာထုပ်ပိုးပေးခြင်း။
အရောင်းနှင့်ပတ်သက်သော လက်ရေးဘောက်ချာများကို ကူညီထုတ်ပေးခြင်း၊ စနစ်တကျ သိမ်းဆည်းခြင်း။
၅။ 🧯 လုံခြုံရေးနှင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်း
ဆိုင်အတွင်း အန္တရာယ်ရှိသော အခြေအနေများ (ဥပမာ- ကြမ်းပြင်ချော်လဲနိုင်ခြင်း) ကို သတိပြုပြီး အကြောင်းကြားခြင်း။
ဆိုင်အတွင်း စင်များ၊ လျှပ်စစ်ပစ္စည်းများ ယိုယွင်းပျက်စီးမှုများကို အကြောင်းကြားခြင်း။
အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဆိုင်လည်ပတ်မှုကို ချောမွေ့စေရန် ကူညီခြင်း။
မန်နေဂျာ/အကြီးအကဲများ၏ ညွှန်ကြားချက်များကို လိုက်နာခြင်း။
၆။ 📋 အခြားတာဝန်များ
ဖောက်သည်များ၏ ပြန်လည်လဲလှယ်လိုသော မဲပါသည့် ပစ္စည်းများကို ကူညီစစ်ဆေးပေးခြင်း။
လိုအပ်ပါက ဆိုင်ပိတ်ရက်များတွင်လည်း အချိန်ပို လာရောက်ဆင်းခြင်း။
မီးဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုများ (မီးသတ်ဆေးဘူးများ) ထားရှိထားခြင်းကို စစ်ဆေးခြင်း။
🤹🏻 လိုအပ်သော ကျွမ်းကျင်မှုများ
ဖောက်သည်နှင့် ဆက်သွယ်ပြောဆိုနိုင်သော စကားပြော ကျွမ်းကျင်မှု။
ကုန်အလေးချိန်များ မ,ရွေ့ရှားရသည့်အတွက် ကိုယ်ကာယကျန်းမာရေး။
အသေးစိတ်ကို ဂရုစိုက်တတ်သော အလေ့အကျင့် နှင့် အဖွဲ့လိုက်လုပ်ကိုင်နိုင်မှု။
👨🏻💼 အစီရင်ခံရမည့်သူ
ဆိုင်မန်နေဂျာ (သို့) ဆိုင်အကြီးအကဲ (Supervisor)