📌 Role (အခန်းကဏ္ဍ)
ဆိုင်မန်နေဂျာသည် ဆိုင်လုပ်ငန်းများ ချောမွေ့စွာ အလုပ်လုပ်ဆောင်နိုင်ရန်၊ ဝယ်ယူသူများ ကျေနပ်မှုရရှိရန်နှင့် အမြတ်အစွန်း တိုးတက်စေရန် နေ့စဉ်လုပ်ငန်းများကို ကြီးကြပ်အုပ်ချုပ်သူဖြစ်သည်။ ၎င်းတို့သည် ဝန်ထမ်းများကို ဦးဆောင်ခြင်း၊ ကုန်ပစ္စည်းစာရင်းများ စီမံခန့်ခွဲခြင်း၊ ရောင်းအားတိုးမြှင့်ခြင်းနှင့် ဆိုင်ဂုဏ်သတင်းကို ထိန်းသိမ်းခြင်းတို့ကို တာဝန်ယူရသည်။
👍 Responsibilities (တာဝန်များ):
၁။ 👩🏻🦰 ဝန်ထမ်းစီမံခန့်ခွဲမှု
ဝန်ထမ်းများ ခန့်အပ်ခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် ကြီးကြပ်ခြင်း။
အလုပ်ချိန်ဇယားများ ရေးဆွဲခြင်းနှင့် ဝန်ထမ်းများ နေ့စဉ်လုပ်ကိုင်ရမယ့် အလုပ်များ စီစဉ်ညွှန်ကြားခြင်း။
ဝန်ထမ်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်းနှင့် ပြန်လည်အကြံပြုခြင်း။
အဖွဲ့အတွင်း ပဋိပက္ခများ ဖြေရှင်းခြင်းနှင့် ကောင်းမွန်သော အလုပ်ပတ်ဝန်းကျင် ဖန်တီးပေးခြင်း။
၂။ 📦 ကုန်ပစ္စည်းစာရင်း ထိန်းချုပ်မှု
ကုန်ပစ္စည်းပမာဏကို စောင့်ကြည့်ခြင်းနှင့် လိုအပ်သလို ပြန်လည်ဖြည့်သွင်းခြင်း။ခြင်း။
သိုလှောင်ရာနေရာများ စနစ်တကျထားရှိခြင်းနှင့် ပုံမှန်စာရင်းစစ်ဆေးခြင်း။
ကုန်ပစ္စည်းပေးသွင်းသူ၊ ရုံးချုပ်မှ ပို့ဆောင်ပေးများနှင့် ဆက်ဆံရေးထိန်းသိမ်းခြင်း၊
ဈေးနှုန်းနှင့် ပို့ဆောင်ရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ခြင်း။
ကုန်ပစ္စည်းအပို/အလိုများ လျှော့ချခြင်း။
၃။ ☺️ ဝယ်ယူသူစိတ်ကျေနပ်မှု ဖန်တီးခြင်း
အရည်အသွေးမြင့် ဝန်ဆောင်မှုပေးခြင်းနှင့် ဝယ်ယူသူပြဿနာများ ဖြေရှင်းခြင်း။
ဝယ်ယူမှုအတွေ့အကြုံကို မြှင့်တင်ရန် နည်းဗျူဟာများ ချမှတ်ခြင်း။
ဝယ်ယူသူများ၏ အကြံပြုချက်များကို ဆန်းစစ်ကာ ဝန်ဆောင်မှုစံချိန်များ မြှင့်တင်ခြင်း။
၄။ 📈 ရောင်းအားနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု
ရောင်းအားပန်းတိုင်များ သတ်မှတ်ခြင်းနှင့် အဓိက စွမ်းဆောင်ရည် ညွှန်ကိန်းများ (KPIs) စောင့်ကြည့်ခြင်း။
နေ့စဉ်/အပတ်စဉ် ရောင်းအားအစီရင်ခံစာများ ပြုစုခြင်းနှင့် ဈေးကွက်အလားအလာများ သုံးသပ်ခြင်း။
ဘတ်ဂျက် စီမံခန့်ခွဲခြင်း၊ ကုန်ကျစရိတ်ထိန်းချုပ်ခြင်းနှင့် အမြတ်အစွန်း မြှင့်တင်ခြင်း။
ငွေသားစီမံခန့်ခွဲမှု များလုပ်ကိုင်ဆောင်ရွက်ရခြင်း။ (ဥပမာ - ငွေစာရင်းညှိခြင်း၊ ဘတ်ဂျက်များ ပြန်လည်အပ်နှံခြင်း)။
၅။ 🧑🎨 အမြင်သဏ္ဌာန်နှင့် ပစ္စည်းပြသမှု
ဆွဲဆောင်မှုရှိသော ပစ္စည်းပြသမှုများနှင့် ဆိုင်အပြင်အဆင် ဒီဇိုင်းရေးဆွဲခြင်း။
ရာသီအလိုက် သို့မဟုတ် ပရိုမိုးရှင်းများအတွက် ပြသမှုများ ပြောင်းလဲခြင်း။
၆။ 🧯 ဆုံးရှုံးမှုကာကွယ်ခြင်းနှင့် လုံခြုံရေး
ခိုးမှုကာကွယ်ရေး နည်းလမ်းများ အကောင်အထည်ဖော်ခြင်းနှင့် CCTV စနစ်များ စောင့်ကြည့်ခြင်း။
ကုန်ပစ္စည်းဆုံးရှုံးမှု အကြောင်းရင်းများ စုံစမ်းခြင်းနှင့် အတွင်းပိုင်း/အပြင်ပိုင်း ခိုးမှုများ ကိုင်တွယ်ခြင်း။
၇။ ⚙️ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်များ
ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားဥပဒေများကို လိုက်နာစေခြင်း။
စာရင်းမှတ်တမ်းများ (ဝန်ထမ်းလစာ၊ ငွေတောင်းခံလွှာ၊ အလုပ်ချိန်ဇယား) ထားရှိခြင်း။
ဆိုင်ဖွင့်ခြင်း/ပိတ်ခြင်း လုပ်ငန်းစဉ်များ စီမံခြင်း။
၈။ 🛍️ ဈေးကွက်ရှာဖွေရေးနှင့် ပရိုမိုးရှင်းများ
ဆိုင်တွင်း ပရိုမိုးရှင်းများ စီစဉ်ခြင်းနှင့် စျေးကွက်ရှာဖွေရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
ဒေသခံ ကြော်ငြာများ (Flyer, Vinyl, Direct Phone Call) တို့ဖြင့် ဝယ်ယူသူများ ဆွဲဆောင်ခြင်း။
၉။ 👨🏻💻 နည်းပညာနှင့် စနစ်များ
POS စနစ်များ၊ စာရင်းစီမံခန့်ခွဲမှုဆော့ဖ်ဝဲများ အသုံးပြုခြင်း။
လုပ်ငန်းလည်ပတ်မှုကို ပိုမိုလွယ်ကူစေရန် နည်းပညာအသစ်များ လေ့လာခြင်း။
၁၀။ 🦺 ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး
ဝန်ထမ်းများအား ဘေးကင်းရေး လေ့ကျင့်ပေးခြင်းနှင့် အရေးပေါ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း။
ဆိုင်သန့်ရှင်းမှုနှင့် အန္တရာယ်ကင်းရှင်းမှုကို သေချာစေခြင်း။
၁၁။ ✅ ပြဿနာဖြေရှင်းခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း
လုပ်ငန်းဆိုင်ရာ အခက်အခဲများ (ဝန်ထမ်းလိုအပ်ချက်၊ ကုန်ပစ္စည်းနောက်ကျမှု၊ ကုန်ပစ္စည်းပျက်လက်မှု) ကို ကိုင်တွယ်ခြင်း။
ဝယ်ယူသူနှင့် ဝန်ထမ်းပြဿနာများကို အမြန်ဆုံးဖြေရှင်းခြင်း။
၁၂။ 🤝🏻 ပါတနာများနှင့် ဆက်စပ်သူများနှင့် ဆက်ဆံရေး
ကုန်ပစ္စည်းပေးသွင်းသူများ၊ ဒေသခံလုပ်ငန်းများနှင့် မိတ်ဖက်ပြုလုပ်ခြင်း။
အမှုဆောင်ရုံးချုပ် သို့မဟုတ် Franchise ဆိုင်ပိုင်ရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
🤹🏻 အရည်အချင်းများ
ဦးဆောင်မှု၊ ဆက်သွယ်ပြောဆိုမှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်။
ရောင်းအားနှင့် စာရင်းစီမံခန့်ခွဲမှုအတွက် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း။
စီးပွားရေးဆော့ဖ်ဝဲများနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာ။
ဈေးကွက်အပြောင်းအလဲနှင့် ဝယ်ယူသူလိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်စေနိုင်မှု။
📍 ဤတာဝန်များကို ဟန်ချက်ညီစွာ ထမ်းဆောင်ခြင်းဖြင့် ဆိုင်မန်နေဂျာသည် ဆိုင်အောင်မြင်ရေးကို ဦးတည်ကာ၊ စိတ်အားထက်သန်သော အဖွဲ့နှင့် Royalty Customer များကို တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။ 🛒📈👥
👨🏻💼 အစီရင်ခံရမည့်သူ
Operation Director (သို့) CEO
🤝 တွဲဖက်လုပ်ကိုင်ရမည့်သူ/Report ပေးရမည့်သူ
HR Manager, Admin Manager