📌 Role (အခန်းကဏ္ဍ)
Warehouse Helper သည် ဂိုဒေါင်၏ နေ့စဉ်လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရသူဖြစ်ပြီး၊ ကုန်ပစ္စည်းများ လက်ခံခြင်း၊ သိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်းစသည့် လုပ်ငန်းစဉ်များတွင် အထောက်အကူပြုဆောင်ရွက်ပေးရပါသည်။ Supervisor သို့မဟုတ် Warehouse Manager ၏ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရပါသည်။
👍 Responsibilities (တာဝန်များ):
✅ ကုန်ပစ္စည်းများ လက်ခံခြင်း/ထုတ်ပေးခြင်း
ပို့ဆောင်ရေးယာဉ်မှ ကုန်များကို တင်၊ချ ခြင်း။ သယ်ယူခြင်း။
လက်ခံလာသော ကုန်စည်များကို စစ်ဆေးပြီး မှာယူထားသည့် ပမာဏ၊ အရည်အသွေးနှင့် ကိုက်ညီမှုရှိမရှိ စိစစ်ခြင်း။
📦 သိုလှောင်စီမံခန့်ခွဲမှု
ကုန်ပစ္စည်းများကို သတ်မှတ်ထားသော နေရာများတွင် စနစ်တကျထားရှိခြင်း။ (ဥပမာ- ချက်ချင်းပြန်ရောင်းချမည့် ပစ္စည်း၊ ရက်ချိန်းဖြင့် ပို့ရမည့် ပစ္စည်းခွဲခြားထားခြင်း)။
ပစ္စည်းများ လွယ်ကူစွာရှာဖွေနိုင်ရန် Label ကပ်ခြင်း၊ စာရင်းသွင်းခြင်း။
🧾 အမှာစာများ ပြင်ဆင်ခြင်း
ဝယ်ယူသူ၏ အမှာစာများအား မှန်ကန်စွာ ထုပ်ပိုးခြင်း၊ ပို့ဆောင်ရန်အဆင်သင့်ပြုလုပ်ပေးခြင်း။
ထုပ်ပိုးမှုတွင် လိပ်စာ၊ ကုန်ပစ္စည်းအမျိုးအစား စသည်တို့ မှန်ကန်စွာပါဝင်ကြောင်း သေချာစေရမည်။
⚙️ ကိရိယာပစ္စည်းများ အသုံးပြုခြင်း
လှေကားများ၊ လှည်းငယ်များ၊ Barcode Scanner များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
လိုအပ်ပါက ကွန်ပြူတာ ကိုလည်း သုံးစွဲနိုင်ရမည်။
📊 စာရင်းဇယားနှင့် အရည်အသွေးထိန်းသိမ်းခြင်း
ကုန်ပစ္စည်းစာရင်း (Inventory) ကို စာရင်းကိုက်ညီမှုရှိစေရန်ပုံမှန်စစ်ဆေးခြင်း။
ပျက်စီးနေသော ကုန်များ၊ စံနှုန်းဖြင့် မကိုက်ညီသော ကုန်ပစ္စည်း များကို စီမံခန့်ခွဲသူ (အထက်လူကြီး) ထံ အမြန်သတင်းပို့ခြင်း။
🧯 ဘေးကင်းလုံခြုံရေး လိုက်နာခြင်း
ဂိုဒေါင်အတွင်း သန့်ရှင်းမှု၊ လမ်းကြောင်းရှင်းလင်းမှုရှိစေရန် ဂရုစိုက်ခြင်း။
မီးသတ်ဆေးဘူးများ သက်ဆိုင်ရာ နေရာတွင် အလွယ်တကူ ရယူလို့ရနိုင်ရန် စစ်ဆေး ဂရုစိုက်ခြင်း။
လေးလံသောပစ္စည်းများကို မှန်ကန်စွာ မ,ခြင်း။
🧑💼 အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
စီမံခန့်ခွဲသူ၊ လက်ထောက်များ၊ အခြားအဖွဲ့ဝင်များနှင့် ညှိနှိုင်းလုပ်ကိုင်ခြင်း။
လိုအပ်သောအခါတွင် warranty တံဆိပ်များကပ်ခြင်း၊ ဈေးနှုန်းများ ကပ်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းစသည့် အခြားလုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ခြင်း။
🤹🏻 လိုအပ်သောအရည်အချင်းများ:
ကိုယ်ကာယအင်အား ကောင်းမွန်ခြင်း (အလေးချိန်များကို သယ်ဆောင်နိုင်ရန်)။
အသေးစိတ်ကို ဂရုစိုက်တတ်ခြင်း (စာရင်းမှားယွင်းမှု လျှော့ချရန်)။
အချိန်ပြည့်အလုပ်လုပ်နိုင်စွမ်းရှိခြင်း။
အဖွဲ့လိုက်လုပ်ကိုင်နိုင်သော စိတ်ဓာတ်ရှိခြင်း။
👨🏻💼 အစီရင်ခံရမည့်သူ
ဆိုင်အကြီးအကဲ (Supervisor) (သို့) Shop Accountant (သို့) Warehouse Manager